
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၈)ရက်နေ့၊ နေ့လည်(၁၃း၃၀)နာရီမှ (၁၅:၀၀)နာရီအချိန်ထိ ကျိုင်းတုံမြို့၊ အခြေခံပညာအထက်တန်း ကျောင်း အထကခွဲယန်းလူးကျောင်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲများပြုလုပ်ကျင်းပခဲ့ရာ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ မြန်မာနိုင်ငံတွင် ယခုလက်ရှိဖြစ်ပေါ်နေသော ဘေးအန္တရာယ်များ ရေဘေး၊မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မြေပြိုဘေးငလျင်ဘေးများနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို အဓိကဟောပြောခြင်း ငလျင်လှုပ်ခတ်နေစဉ်အတွင်းနေထိုင်ရမည့်အနေအထားများကို လက်တွေ့ပြသခြင်း ကျောင်းသူ၊ ကျောင်းသားများမှ ပူးပေါင်းဆောင်ရွက်စေခြင်း၊ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးဗွီဒီယိုပြသခြင်းများ DAN Mobile Application အကြောင်းဆွေးနွေးပြောကြားခြင်း၊ ထည့်သွင်းပေးခြင်းစသည်တို့ကိုဆောင်ရွက်ခဲ့ပြီး အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမအပါအဝင် စုစုပေါင်း(၃၅၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_jun2018
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)