===================================================
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ ကျုံမရမ်ကံရွာအုပ်စု ကျုံသွတ်ဖျားကျေးရွာ၊ ချောင်းသာကြီးကျေးရွာအုပ်စု ချောင်းသာကြီးကျေးရွာ၊ သဖန်းပင်ဆိပ်ကျေးရွာအုပ်စု မရမ်းငူကျေးရွာ၊ ထန်းလေးပင်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာနှင့် တမံကြီးကျေးရွာအုပ်စု တမံကြီးကျေးရွာ တို့တွင် (၁၂-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျခဲ့သည့်နေအိမ် (၄) လုံးနှင့် အမိုးလန်ခဲ့သည့်နေအိမ် (၁) လုံး စုစုပေါင်းနေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၅၀၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာထောက်ပံ့ငွေ (၄၄၁၀၀ိ/-)၊ ပြိုကျအိမ်ခြေ (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စာနှင့် အမိုးလန်ခဲ့သည့်အိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁) မျိုး (၁) အိမ်ထောင်စာနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၅၉၄၁၀၀ိ/-)အား အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ (၁၅-၆-၂၀၁၈) ရက်နေ့၊ (၁၁း၂၀) နာရီအချိန်တွင် အိမ်မဲမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။