အိန္ဒိယနိုင်ငံ၊ ပို့ဘလဲ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံပြီး open camp ထိန်းသိမ်းခံရသော မြန်မာရေလုပ်သား (၇) ဦးအား (၁၄-၆-၂၀၁၈) ရက်နေ့၊ ည (၂၁း၂၀) နာရီအချိန်တွင် ကောလကတ္တားမှ ရန်ကုန်မြို့သို့ အိန္ဒိယလေကြောင်း လိုင်း 8 M608 ဖြင့် ပြန်လည်ရောက်ရှိလာသော မြန်မာရေလုပ်သား (၇) ဦးတို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး နှင့် ဖျာပုံခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ကြောင်းနှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (ကျားလုံချည်၊ တီရှပ်၊ တဘက်၊ ဆပ်ပြာ) တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#otr
#ygn_jun2018
#ayy_jun2018