သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၈) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ စက်မှုဝန်ကြီးဌာန၊ အမှတ် (၄) စက်မှုသင်တန်းကျောင်း၌ ဆရာ/ဆရာမများနှင့် သင်တန်းသူ/သား (၁၇၅) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့်ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး/လက်ကမ်း စာစောင်များထည့်သွင်းထားသော DAN Application အား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#mgy_jun2018

Sign Up

Upcoming Events