===================================================
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ် အထက-၁ ကျောင်းခန်းမ၌ မိုးကြိုးဘေးနှင့် ရေဘေးအသိပညာပေးဟောပြောပွဲအား (၁၅-၆-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ (၈) တန်းနှင့် (၉) တန်း ကျောင်းသား/သူ (၅၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။