Category Archives: News
-
မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်
မော်လမြိုင် ဇွန် ၂၀ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (ဆည်မြောင်း) ဦးမြဝင်းနှင့်အတူ မုဒုံမြို့နယ်၊ ကမာ ဝက်ကျေးရွာအနီးရှိ ဝင်းဖနုံရေလှောင်တမံ သို့ရောက်ရှိပြီး ၊ တာဝန်ရှိပုဂ္ဂိုလ်များက ရေလှောင်တမံ ကြံ့ခိုင်မှု အခြေအနေ၊ ရေဝင်ရောက်မှုအခြေအနေအား ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ရေလှောင်တမံ တစ်လျှောက် လှည့်လည်ကြည့်ရှု့ခြင်း ၊ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား The International Committee of the Red Cross (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် ဖြစ်သူ Mr. Fabrizzio Carboni ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ဇွန် ၂၀ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား The International Committee of the Red Cross (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Fabrizzio Carboni ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနအနေဖြင့် စိန်ခေါ်မှုများအား အောင်မြင်စွာကျော်ဖြတ်နိုင်ပြီး ICRC နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများအတွက် ဂုဏ်ယူပါ ကြောင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနနှင့် ပိုမိုပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ … Read more
-
သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲများပြုလုပ်လျက်ရှိရာ(၂၀.၆.၂၀၁၈)ရက်နေ့တွင် လွိုင်ကော်ကွန်ပျူတာတက္ကသိုလ်ရှိ ကျောင်းသား/ကျောင်းသူ(၁၅၇)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်သူများအား လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_jun2018 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မီးလောင် ကျွန်းကျေးရွာအုပ်စု၊ မီးလောင်ကျွန်းကျေးရွာ၊ ဗလဘကျေးရွာအုပ်စု၊ ဗလဘကျေးရွာနှင့် ကွေ့ထောင့်ကျေးရွာအုပ်စု ၊ ကွေ့ထောင်ကျေးရွာတို့တွင် မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် (၁၈.၆.၂၀၁၈)နေ့ရက်၊ (၁၂:၃၀) နာရီအချိန်၌ လူနေအိမ်များ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ဗလဘကျေးရွာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊လူဦးရေ (၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၇) ရက်စာ (၁၈၉၀၀)ကျပ် … Read more
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၁၈)ရက်နေ့တို့တွင် ဖြစ်ပွားသည့် မီးဘေးကြောင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စု၊ ရေပေါ်ကျေးရွာ အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးကျပ် (၂၀၀,၀၀၀/-)ကျပ်နှင့် အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၅)မျိုး၊ လူဦးရေ(၇)ဦးအတွက် ဆန်ဘိုး (၇)ရက်စာထောက်ပံ့ငွေကျပ် (၁၄,၇၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၁၄,၇၀၀/-)တို့အား (၁၉-၆-၂၀၁၈)ရက်နေ့၊ ညနေ (၁၄း၃၀)နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_jun2018 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေး ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သောင်ပြင်ကုန်းကျေးရွာအုပ်စု၊ သောင်ပြင်ကုန်းကျေးရွာနှင့် ကန့်လန့်ကုန်းကျေးရွယတို့တွင် (၁၂-၆-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုကြိုတင်ပြောင်းရွှေ့ နေအိမ် (၇) လုံးနှင့် ဘုန်းကြီးကျောင်း(၁) ကျောင်းတို့အတွက် ထောက်ပံ့ငွေ (၈၀၀,၀၀၀ိ/-) ကျပ်အား (၁၉-၆-၂၀၁၈) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #bgo_jun2018
-
ကမ်းပြိုဘေး ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျေးရွာအုပ်စု (၅) စု၌ (၁၁-၆-၂၀၁၈) နေ့မှ (၁၇-၆-၂၀၁၈)ရက်နေ့အထိဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြိုတင်ပြောင်းရွေ့အိမ်ခြေ (၂၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၁၀၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၂,၉၀၀,၀၀၀ိ/-)အား (၁၉-၆-၂၀၁၈)ရက်နေ့၊ (၁၄း၀၀) နာရီချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #bgo_jun2018
-
ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁၈.၆.၂၀၁၈)ရက်နေ့တွင် ပါချန်မြစ်ရေ မြင့်တက်ပြီး ရေကြီးခြင်းကြောင့် ခမောက်ကြီးမြို့၊ လုံးဖောကျေးရွာမှ အိမ်ခြေ (၆၀)အိမ်ထောင်စုမှ (၆၀)လူဦးရေ (၂၀၀)ဦးရေဘေး ဒုက္ဓခံစားခဲ့ရပြီး ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် သာသနာ့ဝေပုလ္လ ဘုန်းတော်ကြီးကျောင်းနှင့် သာထွန်းပြန့်ဘုန်းတော်ကြီးကျောင်းသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူမှုရေးအသင်း အဖွဲ့များနှင့်အတူသွားရောက်၍ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၆၀)အိမ်ထောင်စာ၊ ဆန်ဖိုး(၄၂၀,၀၀၀/-)ကျပ်တို့အား (၁၉.၆.၂၀၁၈)ရက်နေ့ တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #tny_jun2018 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁၈.၆.၂၀၁၈)ရက်နေ့တွင် ပါချန်မြစ်ရေ မြင့်တက်ပြီး ရေကြီးခြင်းကြောင့် အေးချမ်းသာကျေးရွာမှ အိမ်ခြေ (၁၇)လုံး အိမ်ထောင်စု(၁၇)စုမှ လူဦးရေ (၈၀)ဦး ရေဘေးဒုက္ဓခံစားခဲဲ့ရပြီး ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် အေးချမ်းသာရွာဦးဘုန်းတော်ကြီး ကျောင်းနှင့် ဓမ္မာရုံသို့ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူမှုရေးအသင်း အဖွဲ့များနှင့်အတူသွားရောက်၍ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁၇)အိမ်ထောင်စာ၊ ဆန်ဖိုး(၁၆၈,၀၀၀/-)ကျပ်တို့အား (၁၉.၆.၂၀၁၈)ရက်နေ့ တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #tny_jun2018 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်ဘေးသင့်ခဲ့သော နေအိမ်များအတွက် ထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ ကမော့လဲ (ကျောင်း) ကျေးရွာ၊ ပိုင်ကျုံမြို့၊ ဝင်းဖရကျေးရွာအုပ်စု၊ တောင်ပလောင်ကျေးရွာနှင့် ရွှေဂွန်းကျေးရွာအုပ်စု၊ ထွန်းရွှေဝါရပ်ကွက်တို့၌ (၁၁-၆-၂၀၁၈) ရက်နေ့နှင့် (၁၂-၆-၂၀၁၈) ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် အမိုးလန်ပြီး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၉၀,၀၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၆) အိမ်ထောင်စာနှင့် အမိုးလန်ပြီး တစ်စိတ် တစ်ပိုင်းပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်းအတွက်ထောက်ပံ့ငွေ … Read more









