Category Archives: News
-
ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ ရေဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၁၈)ရက်နေ့(၁၀း၀၀)နာရီချိန်တွင် ကျောက်မဲမြို့နယ် (အ-မ-က-၉) ကျောင်းခန်းမ၌ ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦးအား ရေဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_fld_tls #shn_jun2018 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့် အုပ်စု (၁၈) စုရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================== Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့် အုပ်စု ၁၈ စု၌ (၂၉-၅-၂၀၁၈) ရက်နေ့နှင့် (၃၀-၅-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့် အမိုးလန်အိမ် (၇၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၂၈၃၂၀၀) ကျပ်၊ ပြိုလဲနေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀) ကျပ်၊ ပြိုလဲနေအိမ် (၅) လုံးရှိ လူဦးရေ … Read more
-
ရေဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) အချိန်မှ (၁၅း၀၀) နာရီအချိန်ထိ မိုးမိတ်မြို့၊ ဟော်နန်းရပ်ကွက်၌ ပြည်သူလူထု (၈၀) ဦးခန့်အား ရေဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာအသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar_fld #ar_tls #shn_jun2018
-
ရေဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ မိုးမိတ်မြို့ အ.ထ.က (၁) မှ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသား စုစုပေါင်း အင်အား (၃၀၀) ဦးခန့်အား ရေဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar_fld #ar_tls #shn_jun2018
-
တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့၊ ကမ်းပနီကျေးရွာ (၁၂.၆.၂၀၁၈)ရက်နေ့ လေဘေးကြောင့် တစိတ်တပိုင်းပျက်စီးအိမ်ခြေ (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စာ၊ ဆန်ဖိုး (၇)ရက်စာ(၈၄၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၁)သိန်းအား (၁၄.၆.၂၀၁၈)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် ကျေးရွာသို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_jun2018 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် (၃၀.၅.၂၀၁၈)ရက်နေ့ မှ(၁၂.၆.၂၀၁၈)ရက်နေ့အထိ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးနှင့် ရေဘေးကြောင့် ကြိုရွှေ့အိမ်ခြေ/အိမ်ထာင်စု (၁၁၂)စု၊ ပြိုလဲအိမ်ခြေ(၁)လုံး၊ စုစုပေါင်း အိမ်ခြေ/အိမ်ထောင်စု (၁၁၃)စု၊ လူဦးရေ(၄၁၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁,၅၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၈၇၁,၅၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂,၃၇၁,၅၀၀/-)ကျပ်ကိုလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ (၁)အိမ်ထောင်စာကိုလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၁၄)အိမ်ထောင်စာကိုလည်းကောင်း (၁၃-၆-၂၀၁၈)ရက်နေ့တွင် ကြံခင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျေးရွာအုပ်ချုပ်ရေးမှူး များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may/jun2018 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ လပွတ္တာမြို့နယ်၊ ကြိမ်ကွင်းကျေးရွာအုပ်စု၊ ကနစိုပင်စုကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကြိမ်ကွင်းကျေးရွာအုပ်စု၊ ကနစိုပင်စုကျေးရွာ၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် ၁ လုံး၊ အိမ်ထောင်စုတစ်စုမှ လူဦးရေ ၃ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ၁ ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုး (၁၀၆၃၀၀ိ/-) အား (၁၄-၆-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ … Read more
-
လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ လပွတ္တာမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ အမှတ် ၄ ရပ်ကွက်၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် ၁ လုံး၊ အိမ်ထောင်စု ၁ စုမှ လူဦးရေ ၅ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ၁ ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုး (၁၁၀၅၀၀ိ/-) အားလည်းကောင်း၊ … Read more
-
မြစ်ရေကြီးခြင်းသတိပေးချက်(၂၀၁၈ ခုနှစ်၊ ဇွန်လ(၁၄) ရက်၊ (၁၄:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်း သတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- မြစ်ရေကြီးခြင်းသတိပေးချက်(၂၀၁၈ ခုနှစ်၊ ဇွန်လ(၁၄) ရက်၊ (၁၄:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် (၆)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် နောက် (၂)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျုုင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၁၈) ရက်နေ့တွင် ခမောက်ကြီးမြို့၊ အေးချမ်းသာ ကျေးရွာ အ.ထ.က ကျောင်းတွင်း ကျောင်းသူ/ကျောင်းသား (၃၅၀) ဦးအား သဘာဝဘေးအသိပညာများဟောပြော ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #tny_jun2018









