
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁၈.၆.၂၀၁၈)ရက်နေ့တွင် ပါချန်မြစ်ရေ မြင့်တက်ပြီး ရေကြီးခြင်းကြောင့် အေးချမ်းသာကျေးရွာမှ အိမ်ခြေ (၁၇)လုံး အိမ်ထောင်စု(၁၇)စုမှ လူဦးရေ (၈၀)ဦး ရေဘေးဒုက္ဓခံစားခဲဲ့ရပြီး ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် အေးချမ်းသာရွာဦးဘုန်းတော်ကြီး ကျောင်းနှင့် ဓမ္မာရုံသို့ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူမှုရေးအသင်း အဖွဲ့များနှင့်အတူသွားရောက်၍ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁၇)အိမ်ထောင်စာ၊ ဆန်ဖိုး(၁၆၈,၀၀၀/-)ကျပ်တို့အား (၁၉.၆.၂၀၁၈)ရက်နေ့ တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#tny_jun2018
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)