မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးအတွက် ထောက်ပံ့မှုသတင်း

20_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၁၇-၆-၂၀၁၈)ရက်နေ့တို့တွင် ဖြစ်ပွားသည့် မီးဘေးကြောင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စု၊ ရေပေါ်ကျေးရွာ အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးကျပ် (၂၀၀,၀၀၀/-)ကျပ်နှင့် အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၅)မျိုး၊ လူဦးရေ(၇)ဦးအတွက် ဆန်ဘိုး (၇)ရက်စာထောက်ပံ့ငွေကျပ် (၁၄,၇၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၁၄,၇၀၀/-)တို့အား (၁၉-၆-၂၀၁၈)ရက်နေ့၊ ညနေ (၁၄း၃၀)နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#tny_jun2018
Source:   မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events