လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ ကမော့လဲ (ကျောင်း) ကျေးရွာ၊ ပိုင်ကျုံမြို့၊ ဝင်းဖရကျေးရွာအုပ်စု၊ တောင်ပလောင်ကျေးရွာနှင့် ရွှေဂွန်းကျေးရွာအုပ်စု၊ ထွန်းရွှေဝါရပ်ကွက်တို့၌ (၁၁-၆-၂၀၁၈) ရက်နေ့နှင့် (၁၂-၆-၂၀၁၈) ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် အမိုးလန်ပြီး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၉၀,၀၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၆) အိမ်ထောင်စာနှင့် အမိုးလန်ပြီး တစ်စိတ် တစ်ပိုင်းပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်းအတွက်ထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၅၉၀,၀၀၀ိ/-)ကျပ်တို့အား (၁၉-၆-၂၀၁၈) ရက်နေ့တွင် ကမော့လဲကျေးရွာအုပ်စု ကမော့လဲဘုန်းကြီး ကျောင်း၌ လှိုင်းဘွဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source:ကရင်ပြည်နယ်ဦးစီးမှူးရုံးဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ha_fld
#krn_jun2018