Category Archives: News
-
လေဘေးသင့်အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်း မြို့နယ်၊ ငဝန်ဒေါင့်ကြီးကျေးရွာအုပ်စု၊ ငဝန်ဒေါင့်ကြီးကျေးရွာ၌ (၁၉-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့်ပြိုကျနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)၊ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀ိ/-)၊ အိမ်ထောင်စု (၂) စုမှ … Read more
-
ပင်လယ်ရေလှိုင်းရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သောနေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံမြို့၊ ညောပြင်ကျေးရွာ၌ (၁၆-၆-၂၀၁၈) ရက်နေ့တွင် ပင်လယ်ရေလှိုင်းရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်ခြေ (၁) လုံး၊ အိမ်ထောင် စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀ိ/-) ကျပ်တို့အား (၂၂-၆-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် လောင်းလုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၆-၂၀၁၈) ရက်နေ့တွင် အပြင်မဲကနယ် ဘုန်းကြီး ကျောင်း၌ ပြည်သူလူထုအင်အား (၅၀) ဦးအားလည်းကောင်း (၂၂-၆-၂၀၁၈) ရက်နေ့တွင် အမှတ် (၃) အခြေ ခံပညာအထက်တန်းကျောင်း မြဝတီ၌ ကျောင်းသားကျောင်းသူ (၅၀၀) ဦးခန့်အားလည်းကောင်း ခရိုင် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ သဘာဝဘေးမဖြစ်မီ/ဖြစ်နေစဉ်/ဖြစ်ပြီး ဆောင်ရန်ရှောင်ရန်များအား ဟော ပြောဆွေးနွေးခြင်း၊ အရေးပေါ်အသက်ကယ်ခြင်းနည်းပညာများ၊ လက်တွေ့မီးငြှိမ်းသတ်ခြင်းနည်းပညာများကို သရုပ်ပြ လေ့ကျင့်ခြင်း၊ နံရံကပ်ပိုစတာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာတို့ တွင် (၃၀-၅-၂၀၁၈) ရက်နေ့မှ (၁၁-၆-၂၀၁၈) ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်ပြီး မြေပြိုမှုများဖြစ်ပွားခဲ့သောကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁၃) လုံး၊ အိမ်ထောင်စု (၁၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၄၀,၀၀၀ိ/-)ကျပ်တို့အား (၂၂-၆-၂၀၁၈) ရက်နေ့တွင် သံတောင်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ သူဦးလာ ကျေးရွာအုပ်စု၊ ဗောဓိပင်ကျေးရွာ၌ (၂၁-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀ိ/-)ကျပ်တို့အား (၂၂-၆-၂၀၁၈) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fir #rke_jun2018
-
မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ “ကျေးရွာနှင့် မြို့နယ်ဘေးအန္တရာယ်လျော့ချရေးကော်မတီများ မိတ်ဆက်တွေ့ဆုံပွဲနှင့် ရှေးဦးသူနာပြုစုရေး ကြိုတင်သတိပေးရေးနှင့် ရှာဖွေကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား” ပြုလုပ်မှုသတင်း
=================================================== Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Church World Service (CWS-Myanmar) အဖွဲ့အစည်းနှင့်ပူးပေါင်း၍ “ကျေးရွာနှင့် မြို့နယ်ဘေးအန္တရာယ်လျော့ချရေးကော်မတီများ မိတ်ဆက်တွေ့ဆုံပွဲနှင့် ရှေးဦးသူနာပြုစုရေး ကြိုတင်သတိပေးရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား” ကို မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)၌ (၂၂-၆-၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ ခရိုင်ဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့်စီမံခန့်ခွဲကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့်စီမံခန့်ခွဲကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အမှာစကားပြောကြားခဲ့ပြီး CWS … Read more
-
မကွေးမြို့နယ်၊ မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက်သေဆုံးထောက်ပံ့ငွေ ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ နတ်ကန်ကျေးရွာအုပ်စု၊ ရွာသစ်ကလေးကျေးရွာတွင် (၁၈-၆-၂၀၁၈) ရက်နေ့တွင် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်အား ကျန်ရစ်သူမိသားစုထံသို့ (၂၂-၆-၂၀၁၈) ရက်နေ့ (၁၃းဝဝ)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_tls #mgy_jun2018
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံကျေးရွာ၊ ဒေါ်ငြိမ်းကျေးရွာအုပ်စု၌ (၁၅-၆-၂၀၁၈) ရက်နေ့တွင် ပင်လယ်ရေဒီရေမြင့်တက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် အိမ်ထောင်စု (၁၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၄) သိန်းနှင့် ဆန်ရိက္ခာဖိုးငွေ (၁၂၈,၁၀၀ိ/-) ကျပ်တို့အား (၂၂-၆-၂၀၁၈) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကျေးဥက္ကဌတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr … Read more
-
မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ညောင်တုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်နှင့် ဓနုဖြူမြို့နယ်များအတွင်း လေဘေးနှင့် ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်းတုန်းမြို့နယ် (သပြုရေလယ်/ ဆားမလောက်/ ချောင်းကြီး/ စက္ကော့ရေလယ်/ ဆင်ထုံး/ မြမ္မာပြသာ/ တဇင်ရေကျော်) ကျေးရွာအုပ်စုတို့၌ (၂၅-၅-၂၀၁၈၊ ၉/၁၀/၁၁/၁၂-၆-၂၀၁၈) ရက်နေ့တို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုကျခဲ့သည့်နေအိမ် (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၈) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး … Read more
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ်၊ လွှာဝကျေးရွာအုပ်စု၊ မှိုက်ကျေးရွာတွင် (၁၁-၆-၂၀၁၈) ရက်နေ့တွင် ချောင်းရေမြင့်တက်မှုကြောင့် မျောပါသေဆုံး (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်၊ (၁၇-၆-၂၀၁၈) ရက်နေ့၌ လွှာဝကျေးရွာအုပ်စု၊ လွှာဝကျေးရွာနှင့် မှိုက်ကျေးရွာတို့တွင် ရေမျောနေအိမ် (၂) လုံး၊ ချင်းနစ်ကျေးရွာနှင့် အမှတ် (၁) ရပ်ကွက်တွင် ဖျက်သိမ်းနေအိမ် (၃) လုံး၊ စုစုပေါင်း နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) … Read more









