cyclone shelter ဆောက်လုပ်မည့် မြေနေရာ၌ ပန္နက်ရိုက်ခြင်းအခမ်းအနားကျင်းပပြုလုပ်မှုသတင်း

အင်္ဂပူမြို့နယ်၊ ညောင်ကျိုးအုပ်စု၊ စစ်ကျွန်းရပ်ကွက်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုရန်ပုံငွေဖြင့် cyclone shelter ဆောက်လုပ်သွားမည်ဖြစ်ရာ (၈-၇-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၁၅) နာရီ ချိန်တွင် စစ်ကျွန်းရွာလယ်ကျောင်းဆရာတော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ညောင်ကျိုး အ.ထ.က ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကမ္ဘောဇကုမ္ပဏီတာဝန်ခံတို့နှင့်အတူ အဆိုပါ မြေနေရာ၌ ပန္နက်ရိုက်ခြင်း မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#otr
#ayy_jul2018

Sign Up

Upcoming Events