
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်၊ ဖက်တန်းလမ်း၊ ဥယျာဉ်စုဘုန်းကြီးကျောင်း၌(၆-၇-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့် ဘုန်းတော်ကြီးကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-)၊ လူ/ယောဂီဒေါ်ခင်ထားမြင့် (၈၁) နှစ်သေဆုံးတစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ်၊ သံဃာတော်တစ်ပါးအတွက် သင်္ကန်း ဒွိစုံ (၁)စုံ၊ သီလရှင်တစ်ပါးအတွက် သီလရှင်ဝတ်စုံသင်္ကန်း (၁) စုံ၊ ယောဂီအမျိုးသမီးတစ်ဦးအတွက် တီရှပ်(၁) ထည်နှင့် မလုံချည် (၁) ထည်တို့အား (၇-၇-၂၀၁၈)ရက်နေ့၊ (၁၂း၃၀) နာရီချိန်တွင် ပြည်မြို့နယ်ဆိုင်ရာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်သူလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#bgo_jul2018