ခန္တီးခရိုင်ဦးစီးမှူးရုံးမှ ပြောင်းရွှေ့နေအိမ်ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့၊ ပေါမိုင်းရပ်၊ သာစည်ကျေးရွာတွင် ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ကမ်းပါးပြိုကျမည် စိုးရိမ်ရသဖြင့် (၆-၇-၂၀၁၈)နေ့ တွင် ပြောင်းရွှေ့ခဲ့သော နေအိမ်( ၁ )လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁၀၀,၀၀၀)၊ ဆန်ဖိုးထောက်ပံ့ငွေကျပ် (၁၄,၇၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁၄,၇၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁-အိမ်ထောင်စာ) အား (၈-၇-၂၀၁၈) နေ့ ကျင်းပပြုလုပ်သည့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events