လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ် သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာနှင့် မဲသောင်ကျေးရွာတို့တွင် (၂-၇-၂၀၁၈) ရက်နေ့မှ (၄-၇-၂၀၁၈) ရက်နေ့ထိ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုအန္တရာယ်ကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် အိမ်ခြေ (၁၃) လုံး၊ အိမ်ထောင်စု (၁၃) စုမှ လူဦးရေ (၅၃) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၃,၀၀,၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၁၁,၃၀၀ိ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၄,၁၁,၃၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၁၃) အိမ်ထောင်စာတို့အား (၆-၇-၂၀၁၈) ရက်နေ့တွင် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#ygn_jul2018