Category Archives: News
-
အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးလက်တွေ့အသုံးချသင်တန်း (Pratical Emergency Logistics Training) ကျင်းပပြုလုပ်နေမှုသတင်း
(၁-၇-၂၀၁၈) ရက်(တနင်္ဂနွေနေ့)၊ (၀၉း၀၀)အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)တို့ ပူးပေါင်း၍ အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးလက်တွေ့အသုံးချသင်တန်း(Pratical Emergency Logistics Training)ကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ WFP Warehouse ၌ ဖွင့်လှစ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေက အဖွင့်အမှာစကားပြောကြားပြီး WFP မှ Head of Supply Chain Management ဖြစ်သူ Mr. Jean Luc Kohler က သင်တန်း ဖွင့်လှစ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပါသည်။ … Read more
-
မူးယစ်ဆေးဖြတ်ပြီးသူများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်မှုဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အမျိုးသားမူးယစ်ဆေးဝါးမူဝါဒကိုထုတ်ပြန်ကြေညာပြီးဖြစ်သဖြင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများစနစ်တကျဆောင်ရွက် အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိလူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းသည် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုသဖြင့် ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ (၂၆-၆-၂၀၁၈)ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သောအပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် နိုင်ငံတော်သမ္မတမိန့်ကြားခဲ့သည့်ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအနက်မှ တစ်ခုဖြစ်သောမူးယစ်ဆေးဝါးသုံးစွဲသူများကိုဆေးကုသပေးရန်၊ ပြန်လည်ထူထောင်ပေးရန်၊ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်းနိုင်ရန် ပရဟိတအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့်ပြည်သူများပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည့် အဖွဲ့အစည်းများ၊ … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၉-၆ -၂၀၁၈) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ နံကပ်ကျေးရွာနှင့် နံကပ်ပြင်စုကျေးရွာတို့တွင် (၂၄.၆.၂၀၁၈)နေ့ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၂၆)လုံး၊ စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၂၆)စု၊ လူဦးရေ (၁၀၂) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၆) သိန်း၊ ဆန်ရိက္ခာဖိုး (၂၁၄၂၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၈၁၄၂၀၀)ကျပ်အား အင်္ဂပူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမုှဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းကျေးရွာအုပ်စု၊ ပေါက်တောကျွန်းကျေးရွာ၌ (၂၇.၆.၂၀၁၈)ရက်နေ့၊ (၁၁း၃၀)နာရီအချိန်တွင် မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ လူနေအိမ်(၁၉)လုံး၊ အိမ်ထောင်စု(၁၉)စု၊ လူဦးရေ(၁၀၀)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာ(၇) ရက်စာ(၂၁၀၀၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၉၀၀၀၀၀ိ/-)၊ စုစုပေါင်း(၂၁၁၀၀၀၀ိ/-)ကျပ်အား (၂၉.၆.၂၀၁၈)ရက်နေ့၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မီးလောင်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ #ha_rbe #mgy_jun2018 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မကွေးမြို့တွင် ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မကွေးမြို့နယ်၊ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှ ကြီးကြပ်မှုတို့ဖြင့် ရေဘေး သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခန်းကို မကွေးမြို့နယ်၊ မြင်းကင်းကျေးရွာတွင် ၂၉-၆-၂၀၁၈ ရက်နေ့ နံနက် (၀၈း၀၀) အချိန်က ပြုလုပ်ခဲ့ပြီး ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းသို့ ခရိုင်အုပ်ချုပ်ရေးမှူးဦးစီးသော ခရိုင်သဘာဝဘေး ကော်မတီဝင်များ၊ မြို့နယ်သဘာဝဘေး ကော်မတီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်း အဖွဲ့များမှ တာဝန်ရှိသူတို့ တက်ရောက်ကြပြီး မြင်းကင်းကျေးရွာမှ ပြည်သူလူထု(၃၅၀)ဦးခန့် ပူးပေါင်းပါဝင်လေ့ကျင့်ခဲ့ကြသည်။ ဦးစွာရေဘေး … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၈) ရက်နေ့ (၁၅း၀၀) အချိန်မှ (၁၆း၀၀) နာရီ အချိန်အထိ ပုလောမြို့နယ်၊ မိမ္မမြို့ကျေးရွာ၌ ပြည်သူလူထု (၆၀) ဦးအား သဘာဝဘေးအသိ ပညာပေးခြင်း၊ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများဆွေးနွေးပြောကြားခြင်း၊ ဆပ်ပြာမှုန့်ထုပ်များဝေငှပေးခြင်း၊ ရေသန့် ဆေးဘူး (၂၄၀) ထုပ်ပါ (၅) ဘူးပေးအပ်ခြင်းနှင့် မိုးကြိုးဘေးဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #tny_jun2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၈) ရက်နေ့ (၁၃း၀၀) အချိန်မှ (၁၄း၀၀) နာရီအချိန်အထိ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာ၌ ပြည်သူလူထု (၅၀) ဦးအား သဘာဝဘေးအသိ ပညာပေးခြင်း၊ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများဆွေးနွေးပြောကြားခြင်း၊ ဆပ်ပြာမှုန့်ထုပ်များဝေငှ ပေးခြင်း၊ ရေသန့်ဆေးဘူး (၂၄၀) ထုပ်ပါ (၅) ဘူးပေးအပ်ခြင်းနှင့် မိုးကြိုးဘေးဗီနိုင်းပိုစတာပေးအပ်ခြင်းများ ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #tny_jun2018
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ ပါဆောင်းကျေးရွာ၌ (၁၉-၆-၂၀၁၈) ရက်နေ့မှ (၂၇-၆-၂၀၁၈) ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေများအက်ကွဲခဲ့ပြီး မြေပြိုမည့်အန္တရာယ် စိုးရိမ်ရသည့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၁၃) လုံး၊ အိမ်ထောင်စု (၁၃) စု၊ လူဦးရေ (၇၄) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၃၀၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၅၅,၄၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၄၅၅,၄၀၀ိ/-) … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၈) ရက်နေ့တွင် ပုသိမ်မြို့နယ်၊ တွန်ပလွန်ကျေးရွာရှိ ကျေးရွာဓမ္မာရုံ၌ ကျေးရွာသူ/သား (၁၈၀)ဦးအားလည်းကောင်း၊ အနန်းကုန်းကျေးရွာရှိ Church ကျောင်း၌ ကျေးရွာ သူ/သား (၁၅၀)ဦးအားလည်းကောင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာများ၊ ဆောင်ရန်၊ ရှောင်ရန်များ ဟောပြောဆွေးနွေးပြီး ဘေး(၈) မျိုး လက်ကမ်းစာစောင်များ၊ မိုးကြိုးဘေး ဗွီနိုင်း ပိုစတာများ ဖြန့်ဝေခဲ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2018 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၈)ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအုပ်စု၊ ဘုရားကျေးရွာ အ.လ.က(ခွဲ) စာသင် ကျောင်း၌ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျေးရွာပြည်သူလူထု (၁၅၅)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲခဲ့ပြီး လက်ကမ်းစာစောင်နှင့် မိုးကြိုးဘေးဗွီနိုင်းပိုစတာများဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #ayy_jun2018 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









