(၁၅-၇-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြည်ကြီးမဏ္ဍိုင် ရပ်ကွက်ရှိ အုတ်ညှပ်၊ သွပ်မိုး၊ ပျဉ်ကာ မီးဘေးသင့်နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၄) ဦးအတွက် ဆန်ဖိုးရန်ပုံငွေ (၈၄၀၀) ကျပ်နှင့် မီးဘေးသင့် ဓနိမိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ်အတွက် အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ (၄) ဦး အတွက် ဆန်ဖိုးရန်ပုံငွေ (၈၄၀၀)ကျပ်၊ စုစုပေါင်း ငွေကျပ် (၃၁၆,၈၀၀) နှင့်အတူ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးစီတို့ကို (၁၆-၇-၂၀၁၈) ရက်နေ့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးခဲ့ပါကြောင်း သိရှိရပါသည်။
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#tny_jul2018