သာပေါင်းမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

17_Pic_01

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ရွှေညောင်ပင် ကျေးရွာအုပ်စု၊ ဘုရားငူကျေးရွာတွင် (၁၄-၇-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန် ပျက်စီးနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးပါ(၁)ပုံး (၁၈,၅၁၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၅၀,၀၀၀)ကျပ်၊  ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၈,၄၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၈,၄၀၀) ကျပ်တို့အား (၁၆-၇-၂၀၁၈)ရက်နေ့ (၁၅း၃၀) နာရီအချိန်တွင် ဘေးသင့် ပြည်သူများ  လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#ayy_jul2018

Sign Up

Upcoming Events