မိုးညိုမြို့နယ်၊ လက်ပံခုန်အုပ်စု၊ ဘူးခုံကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် အိမ်ခြေများအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်မှုသတင်း

16 Pic 01

===================================================
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ လက်ပံခုန်အုပ်စု၊ ဘူးခုံကျေးရွာ၌ (၁၄-၇-၂၀၁၈) ရက်နေ့၊ (၁၈း၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀၀၀၀) ကျပ်အား (၁၆-၇-၂၀၁၈) ရက်နေ့၊ (၁၅း၄၉) နာရီအချိန်တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events