နေပြည်တော်၊ ၁၆.၇.၂၀၁၈
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ အကြံပေး ဥက္ကဌ H.E Prof. Dr. Surakiart Sathirathai ဦးဆောင်သောအဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ယနေ့ နေ့လယ်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ လက်ရှိဖြစ်ပေါ်တိုးတက်မှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ အခြေအနေများ၊ H.E Prof. Dr. Surakiart ဥက္ကဌအဖြစ် ဆောင်ရွက်သည့် အကြံပေးအဖွဲ့က အကြံပြုတင်ပြထားသည့် အကြံပြုချက်များအနက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ UNHCR၊ UNDP နှင့် မြန်မာအစိုးရတို့အကြား ဘင်္ဂလားဒေ့ရှ်သို့ နေရပ် စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာ နားလည်မှုစာချွန်လွှာရေးထိုးပြီး ဆက်လက်ဆောင်ရွက်နေသည့် အခြေအနေများနှင့် ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အတူ UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ UEHRD သတင်းနှင့် ဆက်သွယ်ရေးဒါရိုက်တာ ဦးကျော်မြိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jul2018