ကမ်းပြိုဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း

17_Pic_01
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့ နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အနောက်သီရိကျေးရွာတွင် (၁၆-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၁၈)လုံး၊ အိမ်ထောင်စု(၁၈)စု၊ လူဦးရေ(၅၇)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၈၀၀၀၀၀ိ/-)ကျပ်၊  ဆန်ရိက္ခာဖိုး (၁၁၉၇၀၀ိ/-)ကျပ်၊ စုစုပေါင်း (၁၉၁၉၇၀၀ိ/-) (ကျပ်တစ်ဆယ့်ကိုးသိန်းတစ်သောင်းကိုးထောင့်ခုနှစ်ရာ တိတိ) တို့အား (၁၇-၇-၂၀၁၈)ရက်နေ့ တွင် ပခုက္ကူခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးကျော်အံ့မောင်၊ ပခုက္ကူမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးမြင့်ဆောင်၊ ဌာနဆိုင်ရာများနှင့်အတူ ဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

#ha_rbe
#mgy_jul2018
Source – ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events