Category Archives: News
-
ဖျာပုံမြို့နယ်၊ တင်ပုလွှဲကျေးရွာ၌ ဓမင်းဆိပ် Shelter သောက်သုံးရေကန်ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ကွင်းဆင်းကြည့်ရှုမှုသတင်း
=================================================== Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၁၈) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ တင်ပုလွှဲကျေးရွာ၌ ဓမင်းဆိပ် Shelter သောက်သုံးရေကန်ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ကျေးရွာကော်မတီဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ ရေတာချောင်းနားကျေးရွာ၌ (၅-၇-၂၀၁၈) ရက်နေ့တွင် မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်အား (၁၂-၇-၂၀၁၈) ရက်နေ့တွင် သေဆုံးသူ၏ မိသားစု ဝင်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_tls #bgo_jul2018
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၁၈) ရက်နေ့မှ (၁၂-၇-၂၀၁၈) ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ် (၅) ခုရှိ တိုက်ပွဲရှောင် IDP စခန်းများမှ ပြည်သူများအတွက် တန်ဖိုး (၄၁,၂၂၁,၈၆၀ိ/-) ရှိ ဆန် (၁၁၃၈) အိတ်၊ ဆီ (၁၅၀၃) ပိဿာ၊ ကုလားပဲ (၁၅၀၃) ပိဿာနှင့် ဆား (၇၅၂) ပိဿာတို့အား ကွင်းဆင်းထောက်ပံံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #shn_jul2018
-
ဒေးဒရဲမြို့နယ် သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစီမံချက် မွမ်းမံရေးဆွဲခြင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၈) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဒေးဒရဲမြို့နယ် သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစီမံချက် မွမ်းမံ ရေးဆွဲခြင်းအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာ ဒေးဒရဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်များ၊ မြို့နယ်အဆင့်သဘာ၀ ဘေးကာကွယ်စောင့်ရှောက်ရေးကော်မတီဝင်များ စုစုပေါင်း (၆၀) ကျော် တက်ရောက်ခဲ့ကြပြီး၊ ဘေးဖြစ်နိုင်ခြေအန္တရာယ်ပြမြေပုံရေးဆွဲနိုင်ရေးအတွက် အချက်အလက်များ ကောက်ယူ ခြင်း၊ ဘေးအမျိုးအစားအလိုက် ကျေးရွာအုပ်စုအလိုက် ဘေးဖြစ်နိုင်ခြေအဆင့် ခွဲခြားသတ်မှတ်ခြင်းများ၊ ကဏ္ဍ အလိုက်ဘေးဖြစ်နိုင်ခြေ အနည်းအများ ပြင်ဆင်ဆောင်ရွက်နေမှုအပိုင်းများ စသည်တို့ကို … Read more
-
စလင်းမြို့နယ်ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ (၁၄) ရွာတို့၌ (၉-၇-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် အိမ်ခြေ (၆၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆,၂၀၀,၀၀၀ိ/-) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် (၁၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၂၆၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၅၄၈,၁၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆,၈၄၈,၁၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၆၂) … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၅) ရပ်ကွက်၊ စမ်းသီတာလမ်းသွယ်၊ အိမ်အမှတ် (၁၈၃၀/ခ) ၌ (၅-၇-၂၀၁၈) ရက်နေ့တွင် လေပြင်း တိုက်ခတ်မှုကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးအတွက် ကယ်ဆယ် ရေးပစ္စည်း(၁၁) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀,၀၀၀ိ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂,၁၀၀ိ/-) ကျပ်၊ စုစုပေါင်း … Read more
-
မြေပြိုဘေးအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီ မံခန့်ခွဲမှု ဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀.၇.၂၀၁၈) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော်ရပ်ကွက်၌ မြေပြိုဘေးခံစားရသော နေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်နှင့် အဆိုပါနေအိမ်ရှိ ဘေးသင့်လူဦးရေ (၃) ဦးအတွက် ဆန်ဖိုးရန်ပုံငွေ (၆၃၀၀) ကျပ်တို့အား (၁၁.၇.၂၀၁၈) ရက်နေ့၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha-lsd #tny-jul2018Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး( ဘစမ)
-
မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၁၁.၇.၂၀၁၈) နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ကင်ပွန်းခြုံကျေးရွာအုပ်စု၊ နတ္တလင်းစုကျေးရွာ ဘုန်းကြီးကျောင်း၌မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာ သူ/ကျေးရွာသား (၁၀၀) ဦးခန့်တက်ရာက်ခဲ့ပြီး တက်ရောက်လာ သူများအား သဘာဝ ဘေးအသိပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်း၊ဆပ်ပြာမှုန့်ထုပ်များပေးဝေခြင်းနှင့်ကျေးရွာအတွင်းမိုးကြိုးဘေးအန္တရာယ်အသိပညာပေးပိုစတာစိုက်ထူရန်ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo-jul2018Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြို့နယ်ရုံးဖွင့်လှစ်မည့် မြေနေရာအား ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၁၈) ရက်နေ့တွင် ကြံခင်းမြို့နယ်အတွင်း မြို့နယ် ရုံးဖွင့်လှစ်မည့် တလိုင်းကွင်းအုပ်စု၊ တလိုင်းကွင်းကျေးရွာရှိ မြေနေရာသို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ/ရပ်ဖများနှင့်အတူ သွားရောက်၍ ကွင်းဆင်း တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_jul2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၇-၂၀၁၈) ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ချောင်းခြားစုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်း သား/ ကျောင်းသူ စုစုပေါင်း (၁၂၀) ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိ ပညာပေးဟောပြောခြင်း၊ ဆောင်ရန်/ ရှောင်ရန်အကြောင်းအရာများအားရှင်းလင်းပြောကြားခြင်း နှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #mdy_jul2018 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)









