
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၇.၂၀၁၈)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ လက်ပန်နန်း ခလဲ ကျေးရွာ အုပ်စု၊ နန်းခလဲကျေးရွာနှင့် စပါယ်ချောင်းကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၄)လုံးပြိုကျ ပျက်စီး၊ နေအိမ်(၈)လုံး အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၂)စုမှ လူဦးရေ(၃၄)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် ဘေးသင့် ပြည်သူများထံ အိမ်ဆောက်ပစ္စည်းဖိုး (၁၁၃၅၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၇၁၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၁၂) အိမ်ထောင်စုစာတို့အား (၂၄.၇.၂၀၁၈)ရက်နေ့ (၁၀း၀၀)နာရီချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ygn_jul2018
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)