
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ညောင်ဇောက်ကျေးရွာအုပ်စု၊ ကျောမကြားကျးရွာနှင့် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတို့တွင် (၂၄.၇.၂၀၁၈)ရက်နေ့ (၁၁း၁၅)နာရီအချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား၍ကမ်း ပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၃၉၉၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀၀ိ/-)စုစုပေါင်း (၃၃၉၉၀၀ိ/-)ကျပ်တို့အား (၂၄.၇.၂၀၁၈)ရက်နေ့၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_jul2018
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)