===================================================
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၄) ရွာတို့၌ (၁၅-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲခဲ့သည့် နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၃)အိမ်ထောင်စာ၊ လူဦးရေ(၁၀)ဦးအတွက် ဆန်ဖိုး (၂၁၀၀၀ိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၃)လုံးတို့အတွက် တန်ဖိုးသင့်နှုန်းထားဖြင့် ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်းဖိုး (၉၁၈၀၀ိ/-) ကိုလည်းကောင်း၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာ၌ (၁၇-၇-၂၀၁၈) ရက်နေ့တွင် မြစ်မခမြစ်ရေတိုက်စား၍ ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် နေအိမ်(၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၃၀၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၇၁၂၈၀၀ိ/-) အား (၂၃-၇-၂၀၁၈) ရက်နေ့တွင် သာယာဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။