===================================================
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ပန်းတောင်းမြို့နယ် လက်ပံပင်ကျေးရွာအုပ်စု ထန်တောကြီးကျေးရွာ၌ (၁၈-၇-၂၀၁၈) ရက်နေ့၊ (၂၀း၀၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် မိုးကြိုးထိမှန်ကာ ညာဘက်ပါးတခြမ်းထိခိုက်ဒဏ်ရာရရှိခဲ့သူ အဘ ဦးမောင်ငယ်၏ သမီး မအောင်မြတ်မွန် [အသက်(၂၂)နှစ်] ထံသို့ ထောက်ပံ့ငွေ (၅၀၀၀၀ိ/-) အား (၂၄-၇-၂၀၁၈) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။