Category Archives: News
-
မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
=================================================== Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများ၌ (၂၁-၇-၂၀၁၈) ရက်နေ့မှ (၂၂-၇-၂၀၁၈) ရက်နေ့အထိ တနင်္သာရီမြစ်ရေ ထပ်မံမြှင့်တက်မှုကြောင့် ပြောင်းရွှေ့ခဲ့သည့်အိမ်ခြေ(၄၀၇)လုံးမှ အိမ်ထောင်စု(၄၀၈)စု၊ လူဦးရေစုစုပေါင်း(၂၀၇၃)ဦးအတွက် ဆန်ဘိုး(၇)ရက်စာ (၄၃၅၃၃၀၀ိ/-) အား (၂၅-၇-၂၀၁၈) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားတွင် ထောက်ပံ့ပြီးစီးပြီးဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့်ပြောင်းရွှေ့အိမ်ထောင်စုများမှ လူဦးရေများအတွက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။
-
ကသာမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သဘာဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ ဟောပြောမှုသတင်း
=================================================== Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၈) ရက်နေ့တွင် ကသာမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သင်တန်းသူ(၇၅)ဦးခန့်ကို သဘာဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ရေဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၇.၂၀၁၈)ရက်နေ့ (၁၆း၀၀)အချိန်ခန့်၌ တပ်ကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွင်းမှုကြောင့် လယ်ပြင်မကျေးရွာအုပ်စု၊ လယ်ပြင်မကျေးရွာရှိ နတ်တောင်ချောင်းရေကြီးရေလျှံမှုကြောင့် ရေနောက်မျှောပါသေဆုံးသူ တစ်ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၃၀၀၀၀၀ိ/-)ကျပ်အား (၂၅.၇.၂၀၁၈)နေ့ (၁၄း၀၀)အချိန်တွင် ကျန်ရစ်သူမိသားစုထံသို့ သွားရောက် ထောက်ပံ့ခဲ့ဲကြောင်း သတင်းရရှိပါသည်။ #ha_fld #npw_jul2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများအတွက် ထပ်မံထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ထုံးတောင်ကျေးရွာအုပ်စု၊ လေးတိုင်စင်ကျေးရွာတွင် (၂၀.၇.၂၀၁၈)ရက်နေ့နှင့် (၂၂.၇.၂၀၁၈)ရက် နေ့တို့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဘေးလွှတ်ရာ ရွှေမုဌောဘုရားဝန်းသို့ပြောင်းရွှေ့နေထိုင်ခဲ့သော အိမ်ခြေ(၁၄)စု၊ အိမ်ထောင်စု (၁၄)စုတို့အတွက် ငါးသေတ္တာဖိုး (၁၂၆၀၀ိ/-)ကျပ်တို့အား (၂၅.၇.၂၀၁၈)ရက်နေ့တွင် သရက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလက်ဝယ်သို့ ထပ်မံသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_jul2018 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လောင်းလုံးမြို့နယ် သံလျှင်ကျေးရွာ လေဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့နယ် သံလျှင်ကျေးရွာ၌ (၁၈-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင်း ဘေးသင့်ခဲ့သည် အိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) သိန်းနှင့် ဘေးသင့်လူဦးရေ (၄) ဦးအတွက် ဆန်ဖိုးငွေ (၈၄၀၀ိ/-) အား (၂၅-၇-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ဒေသများသို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက သွားရောက်ထောက်ပံ့
=================================================== ၂၅-၇-၂၀၁၈၊ ဘားအံ —- မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဇူလိုင် (၂၂) ရက်နေ့မှစ၍ နေ့စဉ်မိုးရေချိန် (၇) လက်မခန့် ရွာသွန်းမှုကြောင့် ဒေသကွက်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပြီး၊ ပြည်သူများ ရေဘေးရှောင်နေရမှုကြောင့် တွေ့ဆုံအားပေးထောက်ပံ့နိုင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဇူလိုင် (၂၄) ရက်နေ့ ညနေပိုင်းတွင် ရေဘေးသင့်ဒေသများသို့ သွားရောက်ခဲ့ပါသည်။ ရှေးဦးစွာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၊ … Read more
-
ရေနံချောင်းမြို့နယ်တွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကံသာကျေးရွာတွင် (၁၃-၇-၂၀၁၈)ရက်နေ့နှင့် (၂၄-၇-၂၀၁၈)ရက်နေ့အထိ ဖြစ်ပွားခဲ့ သောကမ်းပြိုဘေးကြောင့် အိမ်ခြေ(၁၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၆၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ(၆၈)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၄၂,၈၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၇၄၂,၈၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ထောင်စု (၁၆)စုစာတို့အား (၂၅-၇-၂၀၁၈)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2018 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများအခြေအနေ
မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံမှုများဖြစ်ပေါ်လျှက်ရှိမှုအခြေအနေနှင့် ကူညီကယ်ဆယ်မှုများ ဆောင်ရွက်လျှက်ရှိမှုအခြေအနေ – ၂၀၁၈ခုနှစ်၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျံှမှုများဖြစ်ပွားလျှက်ရှိရာ (၉-၇-၂၀၁၈)နေ့မှ (၂၅-၇-၂၀၁၈)နေ့ထိ ကာလအတွင်း အိမ်ထောင်စု(၄၆၀၀)ကျော်၊ လူဦးရေ(၂၁၀၀၀)ကျော်တို့သည် ရေဘေးရှောင်စခန်းများ၊ တာဘောင်များ၊ နီးစပ်ရာဆွေမျိုးနေအိမ်များသို့ ခေတ္တတိမ်းရှောင်ခဲ့ရပါသည်။ အဆိုပါရေဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို နိုင်ငံတော်နှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ဒေသခံလူမှုရေးအဖွဲ့ အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး လူမှုဝန်ထမ်း၊ … Read more
-
မိုးကြိုးဘေးကြောင့် သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ ကြခတ်ကုန်းကျေးရွာအုပ်စု၊ ကွင်းစုကျေးရွာ၌ (၂၃-၇-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀ိ/-) အား (၂၅-၇-၂၀၁၈) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။









