
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ(၃)ရွာတို့တွင် (၃၀-၇-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် အိမ်ခြေ(၂၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၂၀၀,၀၀၀/-) ကျပ်၊
လူဦးရေ(၉၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၀၅,၈၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၄၀၅,၈၀၀/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု (၂၂)စုစာတို့အား
(၂-၈-၂၀၁၈)ရက်နေ့ (၁၁း၀၀)အချိန်တွင်လည်းကောင်း၊ ရေနံချောင်းမြို့နယ်၊ ကျေးရွာ(၃)ရွာတွင် (၃၁-၇-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် အိမ်ခြေ(၁၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၈၀၀,၀၀၀/-) ကျပ်၊ လူဦးရေ(၇၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၅၉,၆၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၉၅၉,၆၀၀/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု (၁၈)စုစာတို့အား (၂-၈-၂၀၁၈)ရက်နေ့ (၁၀း၃၀)အချိန်တွင်လည်းကောင်း၊ မင်းဘူးမြို့နယ်၊ ခြင်ထေါင်ကျေးရွာတွင် (၁-၈-၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂,၆၀၀/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု (၁)စုစာတို့အား
(၂-၈-၂၀၁၈)ရက်နေ့ (၁၃း၀၀)အချိန်တွင်လည်းကောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် အသီးသီးသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း
သတင်းရရှိပါသည်။
#ha_rbe
#mgy_Aug2018
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)