သဘာဝ‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာ‌ပေး‌ဟော‌ပြောပွဲကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၂-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ကိုးနဝင်းဓမ္မာရုံ၌ ဖက္ကလိပ်ကျေးရွာမှ လူဦးရေ (၁၅၀) ဦးအားလည်းကောင်း၊(၁၂း၀၀) နာရီအချိန်တွင် ရွှေအံတော်ဘုရားဝင်း၌ ကျိုက်ပိကျေးရွာမှ လူဦးရေ (၁၅၀) ဦးအားလည်းကောင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#mon_aug2018

Sign Up

Upcoming Events