မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြီးမှုကြောင့် ဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကုတ်မြို့နယ်၊ ဝဲကြီးကျေးရွာ၌ (၃၀-၇-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြီးမှုကြောင့် ဘေးသင့်တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၇၅၀ိ/-) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁၀၈,၇၅၀ိ/-) ကျပ်တို့အား (၁-၈-၂၀၁၈) ရက်နေ့တွင် တောင်ကုတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_flf
#rke_aug2018

Sign Up

Upcoming Events