ရေဘေးရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်မရောမြို့နယ်အတွင်း (၁-၈-၂၀၁၈) ရက် နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး အတ္တရံမြစ်ရေတက်လာမှုကြောင့် ရသေ့ကျောင်း၊ ရှင်စောပုရပ်ကွက်နှင့် ပိန္နဲကုန်းရပ်ကွက် ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးရှောင် အိမ်ထောင်စု (၇၉) စုမှ လူဦးရေ (၂၇၅) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၅၇၇,၅၀၀ိ/-) ကျပ်တို့အား (၂-၈-၂၀၁၈) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_fld
#mon_aug2018

Sign Up

Upcoming Events