Category Archives: News
-
ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် (၂၉-၇-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော ရေဘေးမှ ယာယီကယ်ဆယ်ရေးစခန်း(၅)ခုရှိ အိမ်ထောင်စု (၂၀၇)စု လူဦးရေ (၉၄၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁,၉၈၄,၅၀၀/)ကျပ်အား (၃၁.၇.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_jul2018 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျနိုင်ငံသံရုံးမှ သံအမတ်ကြီး H. E Mr. Nicholas Coppel ဦးဆောင်သောအဖွဲ့ က လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ၃၁.၇.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျနိုင်ငံသံရုံးမှ သံအမတ်ကြီး H. E Mr. Nicholas Coppel ဦးဆောင်သောအဖွဲ့ က နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် သြစတြေးလျနိုင်ငံမှ ရခိုင်ပြည်နယ်အတွက် အမေရိကန်ဒေါ်လာ သန်း(၇၀) လှူဒါန်းရန်ကိစ္စ၊ ရခိုင်ပြည်နယ်သို့ သွားရောက် လေ့လာလိုသည့်ကိစ္စများ၊ UNHCR ၊ UNDP နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာနတို့ … Read more
-
သနပ်ပင်မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၁၈)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ရေဘေးမှ အိမ်ထောင် စု (၃၄)စုရှိ လူဦးရေ (၁၄၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ ထောက်ပံ့ငွေ (၃၀၆,၆၀၀/-) ကျပ်တို့အား (၃၁-၇-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_jul2018 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးအန္တရာယ်ဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၁၈) ရက်နေ့တွင် (၁၃း၀၀)နာရီမှ (၁၄း၃၀)နာရီအထိ စစ်တွေမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး(၁၂၀)ဦးတို့အား မိုးကြိုးဘေးအန္တရာယ်ဟောပြောဆွေးနွေး ခဲ့ပြီး၊ တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ နံရပ်ကပ်ပိုစတာများနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_tls #rke_jul2018 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိများသည် မြောင်းမြမြို့နယ်၊ ညောင်ချောင်းပွေးစုကျေးရွာအုပ်စု၊ မဒေါ့ချောင်းကျေးရွာ၌ (၂၉-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၁) လုံး၊ လူဦးရေ (၈) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်နေအိမ် (၁) လုံးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၆,၈၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၆,၈၀၀ိ/-) ကျပ်နှင့် အိမ်ထောင်စု (၁) စုအတွက် … Read more
-
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အဖျောက်မြို့အတွင်း ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၇.၂၀၁၈)ရက်နေ့တွင် တိုက်ကြီးမြို့နယ် ၊အဖျောက်မြို့၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင် ကျေးရွာ၊ မအူကုန်းကျေးရွာ၊ ရေပြန်ကျေးရွာနှင့် မဲသောင်ကျေးရွာတို့တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုအန္တရာယ်ကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့သည့် အိမ်ခြေ(၁၇)လုံး၊ အိမ်ထောင်စု(၁၇)စုမှ လူဦးရေ(၆၃)ဦးတို့ ဘေးသင့်ခဲ့ပါသဖြင့် အိမ်ဆောက်ပစ္စည်းဖိုး (၁,၇၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး(၁၃၂၃၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁၇)အိမ်ထောင်စုစာတို့အား (၃၁.၇.၂၀၁၈)ရက်နေ့ တွင် ရေပေါ်သောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ygn_jul2018 … Read more
-
ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာ တွင် (၃၀.၇.၂၀၁၈)ရက်နေ့(၁၂း၃၅) အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား၍ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်း ရွှေ့မှုများဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စု၊ လူဦးရေ(၃၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၇၁,၄၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၇၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း(၇၇၁,၄၀၀ိ/-)ကျပ်တို့အား (၃၁.၇.၂၀၁၈)ရက်နေ့၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ အောင်ပန်းချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #mgy_jul2018 Source: ရေစကြိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ယာယီပြောင်းရွှေ့ခဲ့ရသည့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ပြည်နယ်လွှတ်တော်ဦးထွန်းမင်းအောင်၊ လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးတို့သည် ပေါင်မြို့နယ်၊ နတ်မှော်ကျေးရွာအုပ်စု၊ ကင်းရွာကျေးရွာ၌ (၃၀-၇-၂၀၁၈) ရက်နေ့တွင် သံလွင်မြစ်ရေမြင့်တက် လာမှုကြောင့် ယာယီပြောင်းရွေ့ခဲ့ရသည့် အိမ်ထောင်စု (၃၃) စု၊ လူဦးရေ (၂၁၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၄၄၁,၀၀၀ိ/-) ကျပ်၊ ခေါက်ဆွဲခြောက် (၄၂၀) ထုပ်နှင့် ငါးသေတ္တာ (၉၉) ဘူးတို့အား (၃၁-၇-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_july2018 … Read more
-
ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ သမ္ဘရာကျေးရွာအုပ်စု၊ သမ္ဘရာကျေးရွာတွင် (၂၉.၇.၂၀၁၈)ရက်နေ့တွင် (ဝရး၀၀)နာရီမှ (၀၉း၁၅)နာရီ အချိန်ထိ မင်းတုန်းချောင်းရေတိုက်စားမှုကြောင့် ဘေးကျရောက်နိုင်သည့် နေအိမ်(၉)လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ပြီး အိမ်ထောင်စု (၉)စု၊ လူဦးရေစုစုပေါင်း(၃၁)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ(၃၁)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၆၅,၁၀၀ိ/-)နှင့် နေအိမ်(၉)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀,၀၀၀ိ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၉၆၅,၁၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၉)အိမ်ထာင်စာတို့ အား (၃၁.၇.၂၀၁၈)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး လက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၇-၂၀၁၈) ရက်နေ့တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာ ရတနာကုမ္ပဏီလုပ်ကွက်အတွင်း အမြင့်ပေ (၅၀၀) ခန့်မှ မြေပြိုကျမှုကြောင့် သေဆုံး (၂၇) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၈၁) သိန်းကျပ်အား (၃၀-၇-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီ အချိန်တွင် ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #kcn_jul2018









