ငလျင်ဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း

8 Pic 02 8 Pic 03 8 Pic 04 8 Pic 05 8 Pic 06

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၁၈) ရက်နေ့ (၁၄းဝဝ)အချိန်မှ (၁၆းဝ၀) နာရီအချိန်ထိ ကျိုင်းတုံမြို့နယ်၊ အ.ထ.က (၅) တွင် ငလျင်ဘေး ဇာတ်တိုက်လေ့ကျင့်ခန်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်အဆိုပါ ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းအတွက် (၃-၈-၂၀၁၈) ရက်နေ့တွင် ငလျင်ဘေးနှင့်ပတ်သက်၍ တက်ရောက်သူ (၃၅၀) ဦးအား အသိပညာပေးခြင်း၊ ဘေးအန္တရာယ်ပြမြေပုံရေးဆွဲခြင်းများ အကြိုပြုလုပ်ခဲ့ပါသည်။ (၆-၈-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ကိုပြုလုပ်ခဲ့ပြီး ကော်မတီလုပ်ငန်းတာဝန်များအတိုင်း ဆောင်ရွက်ရန် ညှိနှိုင်းခဲ့ကြပါသည်။ (၈-၈-၂၀၁၈) ရက်နေ့ တွင် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ် ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများမှ မိမိတို့၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ဘေးစီမံခရိုင်ဦးစီးမှူးမှ ငလျင်ဇာတ်တိုက်လေ့ကျင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ မြေပုံအကောင်းဆုံးဆုချီးမြှင့်ခြင်း၊ ငလျင်စတင်လှုပ်ခတ်ကြောင်းကြေငြာချိန်မှစ၍ နောက်ဆက်တွဲလုပ်ဆောင်ရသည်များကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှရှေးဦးပြုစုခြင်း၊ ဒဏ်ရာရ လူနာ များကို ထမ်းစင်ဖြင့်သယ်ယူခြင်း၊ နှလုံးလှလူမှုကူညီရေးအသင်းမှလည်း ဒဏ်ရာရလူနာများကို ဆေးရုံသို့ပို့ဆောင်ပေးခြင်း၊ ရဲတပ်ဖွဲ့မှလုံခြုံရေးဆောင်ရွက်ပေးခြင်း၊ ဒဏ်ရာရလူနာများအား သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှ အားပေးစကားပြောကြားခြင်း၊ ကွဲကွာနေသော မိသားစုများ အား ကြက်ခြေနီမှ ပြန်လည်ပေါင်းစည်းပေးခြင်း၊ ဘေးသင့်ကျောင်းသားကျောင်းသူများအား စားနပ်ရိက္ခာများဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်သူ(၄၀၀) ဦးဖြင့်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar_eqk_simex
#shn_aug2018

Sign Up

Upcoming Events