လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝေါမြို့နယ်၊ ကမာကဘန်ကျေးရွာ၌ (၂၆-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးနှင့် ဝင်းကဒတ်ကျေးရွာ၌ (၄-၈-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၁၅) လုံး၊ အမိုးလန်နေအိမ် (၃) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၅၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၉,၂၀၀/-) ကျပ်နှင့် ဆင်ရွာကျေးရွာ၌ (၃၀-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးသင့်ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း၊ ပြိုလဲနေအိမ် (၂) လုံးတို့အတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၄၀၉,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး (၁၅) အိမ်ထောင်စာတို့အား (၉-၈-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ha_fld
#bgo_aug2018