
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၉.၈.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းအား ကလောမြို့ အထက(၁)၌ ကျင်းပပြုလုပ်ရာ ငလျင်ဘေးနှင့်ပတ်သက်သည့် ဗီနိုင်းပိုစတာများခင်းကျင်းပြသခြင်း၊ ငလျင်ဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်း၊ ကျောင်းသား/ သူများအား ငလျင်ဆိုင်ရာဗဟုသုတ မေးခွန်းများမေးမြန်းပြီး လက်ဆောင်ပစ္စည်းများပေးခြင်း၊ ငလျင်ဇာတ်တိုက် လေ့ကျင့်ခန်းဗွီဒီယိုဖိုင်ပြသခြင်းနှင့် ငလျင်လှုပ်ခတ်နေစဉ် ကွင်းပြင်သို့ ပြေးထွက်နေရာယူခြင်းနှင့် စာသင်ခန်းအတွင်း နေရာယူခြင်းအစရှိသည့် ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၇၀၀)ဦးခန့် ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။
#ar_simex_eqk
#shn_aug2018
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)