တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ အေးရွာကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

10 Pic 03

===================================================
Source: ရန်ကုန်တိုင်းဒေသကြီးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ အေးရွာကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုအန္တရာယ်ကြောင့် (၇-၈-၂၀၁၈) ရက်နေ့မှ (၈-၈-၂၀၁၈) ရက်နေ့အထိ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသည့် အိမ်ခြေ (၇)လုံး အိမ်ထောင်စု (၇) စုမှ လူဦးရေ (၃၀) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး (၆၃၀၀၀ိ/-)၊ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသည့် အိမ်ခြေ (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀၀ိ/-)၊ ထောက်ပံ့ငွေစုစုပေါင်း (၇၆၃၀၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၇)အိမ်ထောင်စုစာအား (၉-၈-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events