Category Archives: News
-
ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးတွင် ပြည်သူများပူးပေါင်းပါဝင်လှူဒါန်း
၁၂.၈.၂၀၁၈၊ ရန်ကုန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အတူ ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးတွင် ကျင်းပ ပြုလုပ်သည့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် အလှူငွေများပေး အပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရေဘေးသင့်ဒဏ်ခံခဲ့ရသောဒေသများ အမြန်ဆုံးပြန်လည်ထူ ထောင်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်တွင် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်နိုင်ရေးညှိနှိုင်းမှုအဖွဲ့ကို ဖွဲ့စည်းထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားသွန် ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် သဘာဝဘေးကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် … Read more
-
တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မြိတ်ခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၄-၈-၂၀၁၈)ရက်နေ့မှ (၉-၈-၂၀၁၈)ရက်နေ့အထိ ထပ်မံဖြစ်ပွားခဲ့သည့် တနင်္သာရီမြစ်ရေမြင့်တက်မှုကြောင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၈၃)လုံးရှိ အိမ်ထောင်စု(၈၃)စုမှ လူဦးရေစုစုပေါင်း(၃၇၆)ဦးအတွက် ဆန်ရိက္ခာတန် (၇)ရက်စာ တန်ဖိုးငွေကျပ် (၇၈၉,၆၀၀) ယခင်ထောက်ပံ့ပြီး စခန်း(၇)ခုမှလူဦးရေ(၈၂၆)ဦးအတွက်ဒုတိယအကြိမ်ဆန်ဘိုး(၇)ရက်စာ (၁,၇၃၄,၆၀၀)ကျပ်၊ (၆-၈-၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားသည့် တနင်္သာရီမြို့နယ်၊ ပဝ ကျေးရွာအုပ်စု၊ ပဝရွာမတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၈၇,၄၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးနှင့် လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ တန်ဖိုးငွေကျပ် … Read more
-
မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ပြောင်းရွှေ့နေအိမ်များအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ တက်ဆွဲကျေးရွာအုပ်စု၊ တက်ဆွဲကျေးရွာမှ မြစ်မခမြစ်ရေနှစ်မြုပ်မှုအား နှစ်စဉ်ခံစားရသဖြင့် မြစ်မခမြစ်အနောက်ဘက်ကမ်းတာအတွင်းရှိ ကွင်းအမှတ် ၈၈/၈၉ သို့ပြောင်းရွှေ့သည့် နေအိမ်(၉၆)လုံးအတွက် (၁)လုံးလျှင်(၁၀၀,၀၀၀)ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉,၆၀၀,၀၀၀)ကျပ်အား (၁၁-၈-၂၀၁၈)ရက်နေ့ (၁၁၀၀)နာရီအချိန်တွင် မိုးညိုမြို့နယ် တက်ဆွဲကျေးရွားရှိ Cyclone Shulter ၌ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်သဘာဝဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေးကော်မတီဝင်များ၊ ဖျာပုံမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၁၁-၈-၂၀၁၈)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့ဒေါ်ငြိမ်းကျေးရွာအုပ်စု၊ ဒေါ်ငြိမ်းရှယ်လ်တာတွင် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ပြုလုပ်ခဲ့ရာ ဒေါ်ငြိမ်းကျေးရွာအုပ်စုမှ ကျေးရွာနေ ပြည်သူ (၇၀၀) ဦး ဖြင့်ကျင်းပပြုလုပ်ခဲ့ကြောင်း၊ မုန်တိုင်းနှင့်စပ်လျဉ်း၍ မုန်တိုင်းအရောင်များ၏အဓိပ္ပါယ်အားရှင်းလင်းခြင်း၊ မုန်တိုင်းဘေးနှင့် ဆူနာမီဘေး၊ အခြားဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၁-၈-၂၀၁၈) ရက်နေ့ နေ့လည် (၁၂၀၀)အချိန်တွင် မြောက်ဦးမြို့နယ်၊ အလယ်ချောင်း ကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာ အခြေခံပညာမူလတန်းလွန်စာသင်ကျောင်း၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ခရိုင်ဦးစီးမှူးမှ မိုးကြိုးဘေးအပါအဝင် သဘာဝဘေးနှင့် ပတ်သက်၍ဆောင်ရန် /ရှောင်ရန်များအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးမှ မီးဘေးအန္တရာယ်အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးမှူးမှ ကြိုတင်သတိပေးစနစ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသူ/သားများနှင့် ကျေးရွာသူ/သား … Read more
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood Ali နှင့် အဖွဲ့ကရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ
သြဂုတ် ၁၀ ၊ နေပြည်တော် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood Ali နှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) မှ တာဝန်ရှိသူများနှင့်လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဥက္ကဌအဖြစ် တာဝန်ယူIUEHRD အားဖွဲ့စည်းထားရှိပြီးလုပ်ငန်းအဖွဲ့ (၁၀) ဖွဲ့ဖြင့် စီမံကိန်းများဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံသဘောတူညီချက်များအတိုင်းစီစဉ်ဆောင်ရွက်ထားပြီး ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ဖြစ်နေမှုများ၊ ပြန်လည်လက်ခံရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးအားတည်ဆဲပဒေများနှင့်အညီဆောင်ရွက်နေသည့်ကိစ္စများ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့၏ အကူအညီဖြင့် … Read more
-
နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၈-၂၀၁၈) ရက်နေ့တွင် (၁၅၃၀)နာရီမှ (၁၆၄၅) နာရီအချိန်ထိတပ်ကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သော လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်း(၁၁၀)ဦးတို့အား သဘာဝဘေး အန္တရာယ်ဆိုင်ရာသင်ခန်းစာများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ ငလျင်ဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် သဏ္ဍာန်တူလေ့ကျင့်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြက်ခြေနီ၊ မီးသတ်ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၀-၈-၂၀၁၈) ရက်နေ့တွင် (၁၃၃၀) မှ (၁၅၀၀) နာရီအချိန်ထိ တပ်ကုန်း အ-ထ-က (၂) ကျောင်းတွင်ကျောင်းသား/သူ (၃၆၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာများဆွေး နွေးဟောပြောခြင်းနှင့် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီ မြစ်ရေမြင့်တက်မှုကြောင့် မြို့ပေါ်ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေကြသော ပြည်သူများအား ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များ ပေးဝေခြင်း၊ ရေပြန်ကျပြီးသည့်နောက် ဆောင်ရွက်ရမည့်အချက်အလက်များကို အသိပညာပေးခြင်းနှင့် ကျေးရွာများရှိကယ်ဆယ်ရေးစခန်းများအတွက် ရေဘေးလက်ကမ်းစာစောင်များအား (၁၁-၈-၂၀၁၈) နေ့တွင်ကွပ်ကဲရေးစခန်းသို့သွားရောက်ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ သဒ္ဒမ္မကျွန်းကျေးရွာ၊ ရွှေပြည်သာကျေးရွာ၊ ကျွန်းကြီးကျေးရွာ၊ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ သဒ္ဒမ္မကျွန်းကျေးရွာ၊ ရွှေပြည်သာကျေးရွာ၊ ကျွန်းကြီးကျေးရွာတို့၌ (၇-၈-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ/အိမ်ထောင်စု (၃၀) စု၊ လူဦးရေ (၁၀၈) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၃၀) အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၀၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၂၆,၈၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃,၂၂၆,၈၀၀/-) ကျပ်တို့အား (၁၀ – ၈ -၂၀၁၈) … Read more









