Category Archives: News
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန် ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုက်မရောမြို့နယ်အတွင်း ဇူလိုင်လမှစ၍ ရေကြီး/ရေလျှံမှုကြောင့် ရေဘေးရှောင်မိသားစုများအတွက် မိသားစုသုံးရှေးဦးသူနာပြုဆေးပစ္စည်း အစုံအလင်ပါ (First Aid Kit) (၂၄၇) အိတ်အား (၂၅-၈-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #mon_aug2018
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၂၀-၈-၂၀၁၈)ရက်နေ့(၂၂း၃၀)နာရီအချိန်ခန့်တွင် သံဖြူဇရပ်မြို့၊ ကြံခိုင်ရေးရပ်ကွက်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား ခဲ့ပြီး အဆိုပါလေဘေးတွင်အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၂၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး(၂၂) အိမ်ထောင်စာ ဘေးသင့်လူဦးရေ(၁၀၂)ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ(၂၁၄,၂၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၈၀,၅၀၀) ကျပ်၊ စုစုပေါင်းငွေ(၇၉၄,၇၀၀)ကျပ်တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ (၂၃-၈-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေး ခဲ့ကြောင်း သိရှိရပါသည်။ Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mon_aug2018
-
ဂျပန်နိုင်ငံ Kobe တက္ကသိုလ်မှ ပါမောက္ခYuka Kaneko အဖွဲ့မှ ဖျာပုံမြို့နယ်အတွင်း သဘာဝဘေးစီမံခန့်ခွဲမှုအခြေ အနေများနှင့် ဦးစီးဌာနသိုလှောင်ရုံအား လာရောက်လေ့လာမှုသတင်း
(၂၄-၈-၂၀၁၈) ရက်နေ့တွင် ဂျပန်နိုင်ငံ၊ Kobe တက္ကသိုလ်မှ ပါမောက္ခ Yuka Kaneko နှင့်အဖွဲ့သည် ဖျာပုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖျာပုံမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင်များ၊ ကျေးရွာသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများနှင့် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံ ၍ ဖျာပုံမြို့နယ်အတွင်း သဘာဝဘေးစီမံခန့်ခွဲမှုဆောင်ရွက်နေမှုအခြေအနေများကို အပြန်အလှန် မေးဖြေမှု များပြုလုပ် ခဲ့ကြပြီး ပါမောက္ခမှ ဂျပန်နိုင်ငံအတွင်း သဘာဝဘေးစီမံခန့်ခွဲမှုအခြေအနေများ အားပြန်လည် ရှင်းလင်းပြောကြားခဲ့ ပါသည်။ ဆက်လက်၍ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သိုလှောင်ရုံအား လေ့လာကြည့်ရှု့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
လေဘေးအတွက် ထောက်ပံ့ပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၁၈)ရက်နေ့ (၂၂:၀၀) နာရီအချိန်တွင် ကျောက်ပန်းတောင်မြို့နယ် ညောင်တိုကျေးရွာအုပ်စု ညောင်တိုအရှေ့ကျေးရွာတွင် လေပြင်း တိုက်ခိုက် မှုကြောင့် မန်ကျည်းပင်ပြိုလဲ၍ နေအိမ် (၁) လုံး ပျက်စီးသွားပါသဖြင့် အိမ်ထောင်စု( ၁) စု၊ လူဦးရေ (၂)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး( ၁)ပုံး၊ ဆန်ရိက္ခာ၇ရက်စာ (၄၂၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ် ၊ စုစုပေါင်းရန်ပုံငွေ (၁၀၄,၂၀၀)ကျပ်အား (၂၄-၈-၂၀၁၈)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်ကျေးစာရေးနှင့်အတူ … Read more
-
ငလျင်ဘေးနှင့် အခြားသဘာဝဘေးများဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၄-၈-၂၀၁၈)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ် (အလက-ခွဲ) (အမက-၅) ကျောင်းခန်းမတွင် ကျောင်းသား/သူ (၂၅၀)ဦးအား ငလျင်ဘေးဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #simex_eqk #shn_aug2018
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ကျေးရွာအုပ်စု၊ ယင်းဆယ်ကျေးရွာ၌(၂၁-၈-၂၀၁၈) နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့် အိမ်ခြေ/အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် (၃၂,၃၅၃/-) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ (၁)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀/-) ကျပ်တို့အား ( ၂၄-၈ -၂၀၁၈) ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဆွေးနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၁၈)ရက်နေ့တွင် (၁၀း၀၀)မှ (၁၂း၀၀)နာရီအချိန်ထိ ပျဉ်မနားမြို့နယ် သစ်လေးလုံး အ.ထ.က စာသင်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၂၅၀)ဦး၊ ပျဉ်းမနားမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဆွေးနွေးဟာပြောခြင်းနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ခဲ့ပြီး လက် ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #simex_eqk #npw_aug2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
ဘက်စုံစာသင်ကျောင်း ဘေးကင်းလုံခြုံရေးဆိုင်ရာ နည်းပြသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်း ရေးဆွဲရန် ညှိနှိုင်းဆွေးနွေးမှုသတင်း
================================================ Source: သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း (ဟင်္သာတ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း (ဟင်္သာတ) မှ ကျောင်းအုပ်ကြီး ဦးနေမျိုးထွန်း ဦးဆောင်သော နည်းပြအရာရှိများသည် (၂၄-၈-၂၀၁၈) ရက်နေ့တွင် ဘက်စုံစာသင်ကျောင်း ဘေးကင်းလုံခြုံရေးဆိုင်ရာ နည်းပြသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်း ရေးဆွဲရန် Plan International အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဘက်စုံစာသင်ကျောင်းဘေးအန္တရာယ်ကင်းရှင်းရေးနည်းပြသင်ရိုးညွှန်းတန်းပြုစုပြီးပါက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ဦးစီးမှူးရုံးများကလည်း ကျောင်းအခြေပြု ဘေးအန္တရာယ်ကင်းရှင်းရေးဆင့်ပွားသင်တန်းများတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
-
ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား ဦးကျော်ဆန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု ကျေးရွာခွဲ (၆)ရွာ၌ (၂-၈-၂၀၁၈)ရက်နေ့နှင့် (၅-၈-၂၀၁၈)ရက်နေ့တို့တွင် ရေကြီးနှစ်မြုပ်မှု ကြောင့် ရေဝင်ပြီး မရွှေ့ပြောင်းနေအိမ် (၁၂၂)လုံး အိမ်ထောင်စု (၁၂၂) စုမှ စုစုပေါင်းလူဦးရေ (၅၂၆)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ရန်ပုံငွေ (၁၁၀၄၆၀၀/-)ကျပ်တို့အား ဘေးသင့်ပြည်သူများထံသို့ (၂၄-၈-၂၀၁၈) ရက်နေ့ (၁၀း၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #ayy_aug2018 Source: … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်၊ ညောင်ဝန်းကျေးရွာအုပ်စု၊ ညောင်ဝန်း(မ)ကျေးရွာတွင် (၂၂-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ယောချောင်းရေတိုက်စား ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၃၃၆၀၀/-)ကျပ်၊ စုစုပေါင်း (၄၃၃၆၀၀/-)ကျပ်တို့အား (၂၃-၈-၂၀၁၈)ရက်နေ့တွင် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးအောင်သန်း၊ ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့်အတူ ညောင်ဝန်း(မ)ကျေးရွာ၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ha_rbe #mgy_aug2018 … Read more









