
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၁၈)ရက်နေ့တွင် (၁၀း၀၀)မှ (၁၂း၀၀)နာရီအချိန်ထိ ပျဉ်မနားမြို့နယ် သစ်လေးလုံး အ.ထ.က စာသင်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၂၅၀)ဦး၊ ပျဉ်းမနားမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဆွေးနွေးဟာပြောခြင်းနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ခဲ့ပြီး လက် ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#simex_eqk
#npw_aug2018
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)