================================================
Source: သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း (ဟင်္သာတ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း (ဟင်္သာတ) မှ ကျောင်းအုပ်ကြီး ဦးနေမျိုးထွန်း ဦးဆောင်သော နည်းပြအရာရှိများသည် (၂၄-၈-၂၀၁၈) ရက်နေ့တွင် ဘက်စုံစာသင်ကျောင်း ဘေးကင်းလုံခြုံရေးဆိုင်ရာ နည်းပြသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်း ရေးဆွဲရန် Plan International အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဘက်စုံစာသင်ကျောင်းဘေးအန္တရာယ်ကင်းရှင်းရေးနည်းပြသင်ရိုးညွှန်းတန်းပြုစုပြီးပါက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ဦးစီးမှူးရုံးများကလည်း ကျောင်းအခြေပြု ဘေးအန္တရာယ်ကင်းရှင်းရေးဆင့်ပွားသင်တန်းများတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။