လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၁၈)ရက်နေ့ (၂၂:၀၀) နာရီအချိန်တွင် ကျောက်ပန်းတောင်မြို့နယ် ညောင်တိုကျေးရွာအုပ်စု ညောင်တိုအရှေ့ကျေးရွာတွင် လေပြင်း တိုက်ခိုက် မှုကြောင့် မန်ကျည်းပင်ပြိုလဲ၍ နေအိမ် (၁) လုံး ပျက်စီးသွားပါသဖြင့် အိမ်ထောင်စု( ၁) စု၊ လူဦးရေ (၂)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး( ၁)ပုံး၊ ဆန်ရိက္ခာ၇ရက်စာ (၄၂၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ် ၊ စုစုပေါင်းရန်ပုံငွေ (၁၀၄,၂၀၀)ကျပ်အား (၂၄-၈-၂၀၁၈)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်ကျေးစာရေးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#mdy_aug2018