(၂၄-၈-၂၀၁၈) ရက်နေ့တွင် ဂျပန်နိုင်ငံ၊ Kobe တက္ကသိုလ်မှ ပါမောက္ခ Yuka Kaneko နှင့်အဖွဲ့သည် ဖျာပုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖျာပုံမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင်များ၊ ကျေးရွာသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများနှင့် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံ ၍ ဖျာပုံမြို့နယ်အတွင်း သဘာဝဘေးစီမံခန့်ခွဲမှုဆောင်ရွက်နေမှုအခြေအနေများကို အပြန်အလှန် မေးဖြေမှု များပြုလုပ် ခဲ့ကြပြီး ပါမောက္ခမှ ဂျပန်နိုင်ငံအတွင်း သဘာဝဘေးစီမံခန့်ခွဲမှုအခြေအနေများ အားပြန်လည် ရှင်းလင်းပြောကြားခဲ့ ပါသည်။ ဆက်လက်၍ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သိုလှောင်ရုံအား လေ့လာကြည့်ရှု့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
#otr
#ayy_aug2018