Category Archives: News
-
မြစ်ရေကြီးမှုအခြေအနေသတင်း
==================================================== ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုအခြေအနေသတင်းကိုအောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ၁။ စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ပေဝက်ခန့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ၂။ သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် (၄)ပေခွဲခန့် … Read more
-
ထူးကဲဒီရေမြင့်တက် လှိုင်းပုတ်မှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဖြူမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ ကင်းတောင် ကျေးရွာ၌ (၁၃-၈-၂၀၁၈) ရက်နေ့တွင် ထူးကဲဒီရေမြင့်တက်၍ လှိုင်းပုတ်မှုကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၄) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄)အိမ်ထောင်စာနှင့် လူဦး ရေ (၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၉,၉၀၀/-) ကျပ်တို့အား (၁၄-၈-၂၀၁၈) ရက်နေ့၊ (ဝရး၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၁၈)ရက်နေ့မှ (၁၆-၈-၂၀၁၈)ရက်နေ့အထိ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေမြို့၊ RC ဘုရားကျောင်းတွင် သဘာဝဘေး လျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား)သင်တန်းဖွင့်လှစ်မည်ဖြစ်ရာ (၁၄-၈-၂၀၁၈) ရက်နေ့ နံနက် (၀၉၀၀) နာရီတွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ပြီး သင်တန်းဖွင့်ပွဲတွင် လွိုင်မွေ အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ခရိုင်ဦးစီးမှူးက သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းခြင်းများပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ချင်းတွင်းမြစ်ရေတက်မှုကြောင့် ယာယီပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ညောင်တောကျေးရွာ အုပ်စု၊ ညောင်တောကျေးရွာ၊ ညောင်တော(မ) ကျေးရွာနှင့် ရှစ်အိမ်တန်းကျေးရွာတို့၌ (၉-၈-၂၀၁၈) ရက်နေ့၊ (၁ရး၀၀) နာရီအချိန်နှင့် (၁၃-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တို့တွင် ချင်းတွင်းမြစ်ရေ မြင့််တက်မှုကြောင့် ယာယီပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၅၅) လုံး၊ အိမ်ထောင်စု (၅၅) စု၊ လူဦးရေ (၁၉၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၁၅,၈၀၀/-) ကျပ်တို့အား (၁၄-၈-၂၀၁၈) … Read more
-
ငလျင်ဘေးနှင့် အခြားဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁၃း၂၀)နာရီမှ (၁၅း၄၅)နာရီအချိန်ထိ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ အ-လ-က(ပြစ်မ)ကျောင်းခန်းမ၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀၀)ဦးကျော်အား ငလျင်ဘေးနှင့် အခြားဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #mgy_aug2018 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာအုပ်စု၊ ထီးပေါ်ဆိုကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
=================================================== Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၁၈) ရက်နေ့တွင် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာအုပ်စု၊ ထီးပေါ်ဆိုကျေးရွာရှိ ရပ်ရွာပြည်သူ (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်လာသူများကို လက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သိရှိရပါသည်။
-
ဟင်္သာတမြို့နယ်၊ လှည်းလမ်းတက်ကျေးရွာအုပ်စု၊ တလုတ်ကုန်းကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ လှည်းလမ်းတက်ကျေးရွာအုပ်စု၊ တလုတ်ကုန်း ကျေးရွာ၌် (၁၄-၈-၂၀၁၈) နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လောင်ကျွမ်းပျက်စီးသွားသော အိမ်ခြေ (၁) လုံး၊ လူဦးရေ (၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၁) အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၂၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂,၁၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၀၂,၁၀၀/-) ကျပ်တို့အား (၁၄-၈ -၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၁၈)ရက်နေ့တွင် စစ်တောင်းမြစ်မှ ထူးကဲဒီရေမြင့်တက်မှုကြောင့် ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာ၊ မုပ္ပလင်ကျေးရွာ၊ မရမ်းချောင်းကျေးရွာ၊ စွပ္ပနူးကျေးရွာများရှိ ရေဘေးသင့်အိမ်ထောင်စု(၁၂၃)စုအားအိမ်ထောင်စု(၁)စုလျှင် ဆန်(၆)ပြည်အိတ် (၁)အိတ်၊ စားသုံးဆီ(၁)လီတာဘူး(၁)ဘူး၊ ကြက်သွန်နီ(၅၀)ကျပ်သား၊ အာလူး(၁)ပိဿာ၊ ကုလားပဲခြမ်း(၅၀)သား၊ ငရုတ်အစိမ်းမှုန့် (၁၀) ကျပ်သား၊ ငါးနီတူခြောက်(၂၅)ကျပ်သားတို့အား မွန်ပြည်နယ်အစိုးရအဖွဲ့မှ စီမံဘဏ္ဏာဝန်ကြီး ဦးဝဏ္ဏကျော်နှင့်အတူလိုက်ပါ၍ (၁၄-၈-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_aug2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
စလင်းမြို့နယ်၊ ကျေးရွာ (၄) ရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ (၄) ရွာ၌ (၁၃-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၂၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၈၀၀,၀၀၀ိ/-)၊ လူဦးရေ (၁၁၇) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၄၅,၇၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၀၄၅,၇၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ထောင်စု (၂၈) စုစာတို့အား (၁၄-၈-၂၀၁၈) ရက်နေ့၊ … Read more
-
ပင်လယ်ဒီရေမြင့်တက်လာမှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သုံးခွမြို့နယ်၊ အောင်သာဒါန်းကျေးရွာနှင့် ထွန်းစိန်ကျေး ရွာတို့၌ (၁၂-၈-၂၀၁၈) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မုတ္တမပင်လယ်ကွေ့ ပင်လယ်ဒီရေမြင့်တက်လာမှုကြောင့် အောင်သာဒါန်းကျေးရွာအုပ်စုရှိ ပင်လယ်ကမ်းစပ်အနီး၌ လယ်သမားများ ကိုယ်ထူကိုယ်ထပြုလုပ်ထားသောတာမှ ပေ (၂၀) ခန့်တစ်နေရာနှင့် ပေ (၃၀) ခန့်တစ်နေရာ၌ တာကျိုးပေါက်မှု ဖြစ်ပွား၍ ပင်လယ်ဒီရေဝင်ရောက်ခဲ့ပြီး တံငါတဲ (၂၅) လုံး ရေဝင်နစ်မြုပ်ခဲ့ရာ အိမ်ထောင်စု (၂၅) စုမှ လူဦးရေ (၉၈) ဦးတို့ ရေဘေးသင့်ခဲ့ပါသဖြင့် … Read more









