မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း

27_Pic_01 27_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၂၇-၈-၂၀၁၈)ရက် (၀၉း၀၀)နာရီတွင် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးနှင့် IOM အဖွဲ့အစည်းတို့ပူးပေါင်း၍ဖွင့်လှစ်သည့် မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်အလုပ်ရုံဆွေးနွေးပွဲကျင်းပရာ ပြည်နယ်ဦးစီးမှူး ဦးကျော်မင်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ မောင်တောင်ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးမှ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် IOM အဖွဲ့အစည်းမှ တာဝန်ရှိသူများ စုစုပေါင်း (၅၀)ဦးတက်ရောက်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲအား (၀၉း၀၀)နာရီမှ (၁၆း၃၀)နာရီချိန်ထိကျင်းပမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂၇ -၈-၂၀၁၈) ရက်နေ့မှ (၂၈ -၈-၂၀၁၈)ရက်ထိ (၂) ရက်တာကြာမြင့်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#ar
#rke_aug2018
Source:  မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events