ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာအုပ်စု မဲဒီကျေးရွာဓမ္မာရုံ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဆွေးနွေးဟောပြောမှုသတင်း

27 Pic 01

================================================
Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ (၂၇-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီအချိန်အထိ ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာအုပ်စု မဲဒီကျေးရွာဓမ္မာရုံ၌ ကျေးရွာသူ/ကျေးရွာသား(၇၀)ဦးတို့အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events