ရေဘေးရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးမြို့နယ်၊ မြေနုကျေးရွာ၌ (၂၅-၈-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အိမ်ခြေ (၁၇)လုံး၊ အိမ်ထောင်စု (၁၉) စု၊ လူဦးရေ (၆၅) ဦးတို့အတွက် အိမ်ထောင်စု (၁) စုလျှင် ငါးသေတ္တာဗူး (၃) ဗူးနှုန်းဖြင့် အိမ်ထောင်စု (၁၉) စုအတွက် (၁၇,၁၀၀/-)၊ လူဦးရေ (၆၅)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၃၆,၅၀၀/-)၊ စုစုပေါင်း (၁၅၃,၆၀၀/-) ကျပ်တို့အား (၂၇-၈-၂၀၁၈) ရက်နေ့ (၁၂း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_fld
#mgy_aug2018

Sign Up

Upcoming Events