အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ပြည်သူများအတွက် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ပေးနိုင်သော ဘေးဒဏ်ခံ ဘက်စုံသုံးအဆောက်အဦများဆောက်လုပ်ပေးလျက်ရှိ

26 Pic 02 26 Pic 03 26 Pic 04

သြဂုတ်၂၅၊ ပြည်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပန်းတောင်းမြို့နယ်၊ မင်းရပ်ရပ်ကွက်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ် မှုဖြင့် ဆောက်လုပ်ထားသော သဘာဝဘေးဒဏ်ခံဘက်စုံသုံး အဆောက်အဦဆောက်လုပ်ပြီးစီးမှုကို သွားရောက် ကြည့်ရှုပြီး ပြည်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ လိုအပ်ချက်များ ဖြေရှင်းဖြည့်ဆည်းပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သဘာဝဘေးဒဏ်ခံ ဘက်စုံသုံးအဆောက်အဦအား ပတ်ဝန်းကျင်ရှိ ကြခတ်ရပ်ကွက်နှင့် မင်းရပ် ရပ်ကွက်တို့မှ အိမ်ခြေ (၇၁၇)မှ လူဦးရေစုစုပေါင်း သုံးထောင်ကျော်ခိုလှုံ နိုင်မည်ဖြစ်ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေတောင်မြို့နယ် ကျွန်းကလေး ရွာတွင် ဆောက်လုပ်ထားသော သဘာဝဘေးဒဏ်ခံဘက်စုံသုံး အဆောက်အဦအားသွား ရောက်ကြည့်ရှု ပြီး ဒေသခံပြည်သူ လူထုများနှင့်တွေ့ဆုံကာ အဆိုပါအဆောက်အဦသည် ကျွန်းကလေးကျေးရွာအုပ်စု၊ ရွှေဟင်္သာကျေးရွာအုပ်စု၊ ဇီးကျွန်း ကျေးရွာအုပ်စု၊ ရှားပင်ဇင်းကျေးရွာအုပ်စုနှင့် ကျောက်ထရံကျေးရွာအုပ်စုတို့မှ ပြည်သူလူထု (၁၀၆၇၇) ဦး သဘာ၀ ဘေးဒဏ်ခိုလှုံနိုင်မည်ဖြစ်ကြောင်းပြောကြားပြီး ဒေသခံရွာသူရွာသားများက လိုအပ်ချက်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များက ညှိနှိုင်းဖြေရှင်းပေးခဲ့ကြပါသည်။ နိုင်ငံတော်က တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များအတွင်း သဘာ၀ ဘေးဒဏ်ခံ ဘက်စုံသုံးအဆောက်အဦ (၉၀) ကျော်ကို လိုအပ်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောက်လုပ်ပေးလျက် ရှိပါသည်။ အဆိုပါအဆောက်အဦးများသည် သဘာဝဘေးဒဏ် ကျရောက်မှုမရှိသောအချိန်များတွင် ရပ်ရွာစာကြည့် တိုက်ဖွင့်လှစ်ခြင်း၊ မူလတန်းကြိုကျောင်းဖွင့်လှစ်ခြင်း၊ လူငယ်စင်တာဖွင့်လှစ်ခြင်း၊ ကျေးရွာဆေးပေး ခန်းဖွင့်လှစ်ခြင်း၊ လူထုအခြေပြု ဗဟိုဌာနဖွင့်လှစ်ခြင်းများစသော ဘက်စုံအသုံးပြုနိုင်သည့် ဘေးဒဏ်ခံအဆောက် အဦအဖြစ် အသုံးပြု နိုင်မည်ဖြစ်သဖြင့် ပြည်သူများ တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#hl1
#bgo_aug2018

Sign Up

Upcoming Events