Category Archives: News
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်၊ မြို့မ ကညင်တန်းရှိ ဟိန္ဒူ ကယ်ဆယ်ရေး စခန်းမှ လူဦးရေ (၁၂၂၅) ဦးအတွက် (၁) ပတ်စာ ဆန် (၈၉) အိတ်၊ (၇) ပြည်၊ (၆) ဘူး၊ ဆီ (၁၀၇.၁၈၇၅) ပိသာ၊ ပဲ (၄၂၈.၇၅) ပိသာနှင့် ဆား (၂၁.၄၃၇၅) ပိသာတို့အား (၁၆-၈-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦိးစီးမှူးရုံး(ဘစမ) … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဆွေးနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၁၆-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ဒက္ခိဏ သီရိမြို့နယ်၊ ရွှေအင်ကြင်း ရပ်ကွက်ဓမ္မာရုံ၌ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူလူထု စုစုပေါင်း (၃၅၀) ဦးအား ငလျင်ဘေး အန္တရာယ် ဆိုင်ရာအသိပညာများဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar_eqk #npw_aug2018
-
မြစ်ရေကြီးမှုအခြေအနေသတင်း
==================================================== ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုအခြေအနေသတင်းကိုအောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ တိုးမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍ မအူပင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
ဖျာပုံမြို့နယ်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာ၌ ပင်လယ်ဒီရေမြင့်တက်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာ၌ (၁၂-၈-၂၀၁၈) ရက်နေ့နှင့် (၁၃-၈-၂၀၁၈) ရက်နေ့များတွင် ပင်လယ်ဒီရေမြင့်တက်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် အိမ်ခြေ/အိမ်ထောင်စု (၃၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃၀) အိမ်ထောင်စုစာ၊ လူဦးရေ (၁၄၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၉၈၂၀၀) ကျပ်တို့အား (၁၅-၈-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ … Read more
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့် ဆောက်လုပ်မည့် Shelter (၁၇) လုံးအား သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ ဆောက်လုပ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၁၈)ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ (၂)၌ ဧရာဝတီတိုင်းဒေသကြီးအတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်မည့် Shelter (၁၇)လုံး အား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီဆောက်လုပ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး၊ တိုင်းဒေသကြီးတည် ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီတွဲဖက်အတွင်းရေးမှူး ဦးကြည်ဆွမ်း၊ လုပ်ငန်းအရည်အသွေးစိစစ်မည့် (QC)အဖွဲ့(၅)ဖွဲ့ တင်ဒါ အောင်မြင်သည့် ကုမ္ပဏီ (၁၀)ခုမှ ကိုယ်စားလှယ်တို့ပူးပေါင်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_aug2018 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူနှင့် ခေတ္တာကျွန်းကျေးရွာတို့၌ ထူးကဲပင်လယ်ဒီရေတက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူနှင့် ခေတ္တာကျွန်းကျေးရွာတို့၌ (၁၃-၈-၂၀၁၈) ရက်နေ့များတွင် ထူးကဲပင်လယ်ဒီရေတက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စာ၊ လူဦးရေ (၂၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၂၀၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀) … Read more
-
ဖျာပုံမြို့နယ်အတွင်း ပင်လယ်ဒီရေထူးကဲစွာတက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာအုပ်စု၊ သရက်ပင်ဆိပ်၊ အေးကုန်း၊ ခါးပြတ်၊ အောင်လှိုင်၊ ဗန္ဓာပင်ကျေးရွာများ၌ (၁၂-၈-၂၀၁၈) ရက်နေ့နှင့် (၁၃-၈-၂၀၁၈) ရက်နေ့များတွင် ပင်လယ်ဒီရေထူးကဲစွာတက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ/အိမ်ထောင်စု ၃၉ စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃၉) အိမ်ထောင်စုစာ၊ ဆန်ဖိုးငွေ (၃၄၄၄၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀၀) ကျပ်တို့ကို (၁၄-၈-၂၀၁၈) … Read more
-
ရေးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများနှင့် ထူးကဲဒီရေတက်မှုကြောင့် ရေဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေးမြို့နယ် ကော့လှိုင်ကျေးရွာ၌ (၁၃-၈-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂၈၀၀၀) ကျပ်နှင့် လေဘေးသင့်လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈၉၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၁၄၆၉၀၀) ကျပ်နှင့် (၁၃-၈-၁၈) ရက်နေ့တွင် ရေးမြို့နယ် … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို (၁၆-၈-၂၀၁၈) ရက်နေ့ (၀၉း၃၀) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းဖွင့်ပွဲအမှာစကားပြောကြားခဲ့ကြားခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ မကွေးမြို့နယ်အတွင်းမှ သင်တန်းသား/သင်တန်းသူ(၃၀) ဦးတက် ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၆-၈-၂၀၁၈) ရက်နေ့မှ (၁၈-၈-၂၀၁၈) ရက်နေ့အထိ (၃) ရက်တာကြာမြင့်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #mgy_aug2018
-
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသများအတွက် အလှူငွေများပေးအပ်လှူဒါန်း
နေပြည်တော် ၊ သြဂုတ်လ ၁၅ ရက် မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသများအတွက် ပညာရေးဝန်ကြီးဌာန ဝန်ထမ်း မိသား စုများက အလှူငွေကျပ် (၁၄၇) သိန်းကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကလည်းကောင်း၊ မန္တလေးမြို့ပွဲစားကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) က အလှူငွေကျပ် (၂၀၄) သိန်းကို မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ဥက္ကဌ၊ ဦးသက်တင်ဦးဆောင်သော အဖွဲ့ကလည်းကောင်း၊ သက်ကြီးရွယ်အို ကျန်းမာရေး ကူညီစောင့်ရှောက်ထောက်ပံ့ရေး-ဝန်ဇင်းမေတ္တာရှင်အဖွဲ့၊ (မိတ္ထီလာမြို့) က ငွေကျပ်(၄၀,၂၀၀/-) တန်ဖိုးရှိ ခေါက်ဆွဲခြောက် … Read more









