မြို့နယ်အဆင့် သဘာဝဘေးစီမံခန်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပမှုသတင်း

29_Pic_01 29_Pic_02 29_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ (၂၈-၈-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် မြို့နယ်အဆင့် သဘာဝဘေးစီမံခန်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ မိုးမိတ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးလှိုင်ထွန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းများဆောင်ရွက်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနား၌ သင်တန်းသား/သူ (၈၀) ဦးတက်ရောက်ခဲ့ပြီး တာဝန်ရှိသူများက သင်ခန်းစာ များ ဆွေးနွေးဟောပြောခဲ့ကာ တက်ရောက်လာသူများနှင့် အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ပြီး သင်တန်း ကာလမှာ (၂) ရက်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source:         ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ar

#shn_aug2018

 

Sign Up

Upcoming Events