ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဂုန်မင်းကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

28 Pic 01

================================================
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဂုန်မင်းကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ၌ (၂၆-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁၆၈၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀ိ/-)၊ စုစုပေါင်း ထောက်ပံ့ရန်ပုံငွေ (၆၆၈၀၀ိ/-)အား (၂၈-၈-၂၀၁၈) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events