ညောင်လေးပင်မြို့နယ်၊ ဆွဲဒလွဲကျေးရွာအုပ်စု၊ ပုဇွန်မြောင်းကျေးရွာ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်လေးပင်မြို့နယ်၊ ဆွဲဒလွဲကျေးရွာအုပ်စု၊ ပုဇွန်မြောင်းကျေးရွာ၌ (၂၆-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ သစ်ပင်ပိပြိုလဲနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂,၁၀၀/-) ကျပ်၊ အမိုးလန်နေအိမ် (၂) လုံးအတွက် ထောက်ပံ့ငွေ (၆၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၆၂,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာတို့အား (၂၇-၈-၂၀၁၈) ရက်နေ့ ညနေပိုင်းတွင် ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#bgo_aug2018

Sign Up

Upcoming Events